မြန်မာ အစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ကြား တိုက်ပွဲ ပြင်းထန်

0
418

တနင်္ဂနွေနေ့မှ စပြီး မြန်မာအစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ပေါင်းစု တို့ ရှမ်းပြည် မြောက်ပိုင်း တာမိုးညဲမြို့နယ်ခွဲတွင် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားနေပါသည်။

အစိုးရ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများနှင့် မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) တပ်ပေါင်စုမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအောင်းပလောင်တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ် MNDAA တို့ ကြား တနင်္ဂနွေ ညနေ ၄ နာရီမှ ည ၉ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တနင်္လာနေ့ နံနက်ပိုင်းထိ ဆက်တိုက် ဖြစ်ပွားနေဆဲဟု ဒေသခံ ပြည်သူတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြပါသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက မန်ကောင်း ရွာနားက နန့်ဖားတောင်အောက်မှာဖြစ်တာ။ မနေ့က မနက်ကနေ ညအထိကို ဖြစ် ပြီးတော့ ဒီမနက် ၇:၁၇ လောက်ကနေ ပြန်တိုက်နေကြတယ်။”

မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကို မေးမြန်းသိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here