၄၃ နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်

0
298

ယနေ့ ကျရောက်သော (၄၃) နှစ်ပြည့် ကချင် အာဇာနည်နေ့ တွင် အထိမ်းအမှတ် ဆုတောင်းပွဲ အစီစဉ်များကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ နှင့် အခြား KIO ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်ကြပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ပထမဆုံး ဖွဲ့စည်းတည်ထောင် ဦးဆောင်ခဲ့သူ GOC Lahtaw Zau Seng နှင့် တကွ ထိပ်ပိုင်းခေါင်းဆောင်များ ကျဆုံးခဲ့သော ၁၉၇၅ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့ ကို ကချင်အာဇာနည်နေ့ ဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်ပါသည်။

ယခုနှစ် အာဇာနည်နေ့တွင်လည်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ မိန့်ခွန်း ထုတ်ပြန်ခဲ့ပြီး ကျဆုံး ကချင် အာဇာနည် ခေါင်းဆောင်းများကို ဂုဏ်ပြုခဲ့သလို ၎င်းတို့၏ ကျန်ရစ် မိသားစုဝင်များကိုလည်း ထောက်ပံ့ ကူညီရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြခဲ့ပါသည်။

Kachin Independence Organization ကို ၁၉၆၀ အောက်တိုဘာလ (၂၅)ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ် Kachin Independence Army KIA ကို ၁၉၆၁ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးကာလ တစ်လျှောက် အသက်ပေးခဲ့ကြသော အာဇာနည် ခေါင်ဆောင်များ၏ မျှော်မှန်းချက်ဖြစ်သော စစ်မှန်သည့် နိုင်ငံရေးအရ လွတ်မြောက်မှုရရန် ကျန်ရှိနေသူများက ကြိုးစားသင့်ကြောင်း KIO ဒု ဥက္ကဌ အဆင့် ၂ (ငြိမ်း) ဒေါက်တာ တူးဂျာ ပြောပါသည်။

“အသက်ပေးပြီး ဦးဆောင်ခဲ့ကြတဲ့ ရဲဘော် ခေါင်းဆောင်တွေကို လေးစားရမယ်။ သူတို့စတင်ခဲ့တဲ့ လမ်းစဉ်ကို ကျန်ရှိတဲ့ သူတွေက ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ လုပ်ဆောင်သွားရာမှာ တကယ်စစ်မှန်တဲ့ ဖယ်ဒရယ်ကို ရအောင် ကြိုးပမ်းရမယ်။ အားလုံးပူးပေါင်း ပါဝင် ကြိုးပမ်းရမယ်။ အသက်ပေးသွားကြတဲ့ ရဲဘော်တွေက ပေးခဲ့ကြပြီ သူတို့ရဲ့ မျော်လင့် ချက် ပန်းတိုင်ကို ရောက်အောင် ကြိုးပမ်းရမယ်၊ မလုပ်ဆောင်ဘူး ဆိုရင်တော့ အသက်ပေးခဲ့တဲ့ ရဲဘော်တွင် က ဘာမှမဟုတ် အလာကားဘဲ ဖြစ်သွားမယ်။”

ယခင် စစ်အစိုးရ နှင့် KIO ကြား (၁၇)နှစ်ကြာ ငြိမ်းချမ်းရေးကာလအတွင်း ၂၀၀၅ မှ စပြီး ကချင်အာဇာနည်နေ့ကို KIO မှ တရားဝင် သတ်မှတ် ပြုလုပ်လာခြင်း ဖြစ်သည်။

KIO အဖွဲ့သည် ယခုချိန် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လမ်းစဉ်ကို ငြင်းပယ်ထားပြီး ၁၉၉၄ နှင့် ၂၀၁၃ တပ်မတော်နှင့် ၂ ဦး သဘောတူ လက်မှတ်ထိုးထားသည့် ကတိအတိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်သွားရန် ကြိုးပမ်း နေချိန်လည်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here