ကာချုပ် မင်းအောင်လှိုင် ၏ မိန့်ခွန်း KIO ကို စော်ကား ဟု LAN သုံးသပ်

0
512
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဘယ်) မှ နေပြည်တော် (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေး တက်ရောက်တဲ့ KIO ဗိုလ်ချုပ် ဂွန်မော် အား ဇူလိုင် (၁၁) ရက်နေ့ည တွေ့ဆုံ

ကချင်တော်လှန်ရေးအစ ဘာသာရေးပြဿနာအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်မှ ပြောဆိုခြင်းသည် ကချင်လူထု ၏ မတရားဖိနှိပ်မှုကို တော်လှန်သော စိတ်ဓါတ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ နိုင်ငံရေး ခံယူချက်ကို စော်ကားရာရောက်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက် (LAN) က ဇူလိုင်လ (၁၂)ရက် ထုတ်ပြန်လိုက်သည်။

ဇူလို်င် (၁၁)ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် (၂၁)ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်ရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ပြည်ထောင်စုပါတီ (ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌါန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ရတာကို နောက်မှ တိုင်းရင်းသားအရေး ပြောလာတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ကချင်လူထုသည် ၄င်းတို့ဆုံးရှုံးခဲ့ရသော နိုင်ငံရေးအခွင့်အရေးကို ပြန်လည်ရရှိရအောင် လက်နက်စွဲကိုင်တော်လှန်နေသော အဖွဲ့အစည်းအဖြစ် ၁၉၆၀ အောက်တိုဘာ (၂၅)တွင် စတင်ဖွဲ့စည်းခဲ့ပြီ ဖြစ်သည့်အတွက် ကာချုပ်မင်းအောင်လှိုင်၏ ပြောဆိုမှုများသည် ကချင်လူထုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စော်ကားရာရောက်ကြောင်း Legal Aid Network (LAN) တည်ထောင်သူ ဦးအောင်ထူးက သုံးသပ်ထားပါသည်။

KIO ကို ၁၉၆၀ အောက်တိုဘာ (၂၅)တွင် တည်ထောင်ပြီး၊ ၄င်း၏ တပ်မတော် (KIA)ကို ၁၉၆၁ ဖေဖော်ဝါရီ (၅)ရက်နေ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၁၂)ရက်နေ့ ထုတ်ပြန်သည့် သုံးသပ်ချက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညီလာခံ မိန့်ခွန်းအတွင်း စုစုပေါင်း အချက် (၆)ချက်ကို ပြန်လည် ဝေဖန် ထားသည်ကို တွေ့ရပါသည်။

ထို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ချုပ်ကြီး လိုက်နာဖော် ဆောင်သင့်သည့့် အချက်များအား ထောက်ပြထား ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here