CNF/CNA ဌာနချုပ်အား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မည့် စစ်ကောင်စီတပ်၏ အစီအစဉ်ပေါက်ကြား

0
254

၉ နိုဝင်ဘာလ ၂၀၂၂

ချင်းအမျိုးသာတပ်ဦး/တပ်မတော် CNF/CNA ဌာနချုပ်ဖြစ်သော Camp Victoria ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေသော စစ်ကောင်စီ၏ စရင်းဓာတ်ပုံများ လူမှုကွန်ရက်မှတစ်ဆင့် ပေါက်ကြားလာကြောင်း သိရှိရသည်။

၎င်းစာရင်းနင့် ဓာတ်ပုံတွင်ဖော်ပြထားသော ကမ္ဘာ့မြေပုံ၏တည်နေရာမှာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA ဌာနချုပ်ဖြစ်ပြီး လေကြောင်းမှ ချေမှုန်းတိုက်ခိုက်ရန် အဓိကပစ်မှတ်ထား ရေးဆွဲထားသော ဗျူဟာစနစ်ဖြစ်ကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ CNF/CNA ဌာနချုပ် Camp Vitoria အား လေကြောင်းအားပြုကာ ချေမှုန်းတိုက်ခိုက်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO ၏ Tweeter လူမှုကွင်ရက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဟားခါးနှင့် ထန်တလန်အကြားရှိ သီးမြစ်အနီးတဝိုက်အား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ ပြီးခဲ့သော နိုဝင်ဘာ ၁ ရက်နေ့နင့် ၂ ရက်နေ့များတွင်လည်း စစ်ကောင်စီမှ ATR (Regional Transport Airplanes) အမျိုးစား ခရီးသည်တင်လေယာဥ်ဖြင့် ထန်တလန်မြို့နယ် ချင်းအမျိုးသားတပ်မတော် (CNA) ထိမ်းချုပ်နယ်မြေ ကောင်းကင်ယံတွင် ၃ ကြိမ် လာရောက်ပျံသန်းခဲ့ပြီး ကင်းထောက်သည့်ပုံစံဖြင့် လှည့်ပက်ပျံဝဲခဲ့ကြောင်း ဒေသခံများကပြောသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here