မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် အစားသောက်များထောက်ပံ့

0
253

၉ နိုဝင်ဘာလ ၂၀၂၂

မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် ရူပီး ၁၃၀,၀၀၀ တန်ဖိုးရှိ အစားသောက်များကို မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။

၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များအသင်းဖြစ်‌သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here