ဖျာပုံ နဂါးနက်တပ်ဖွဲ့ဝင်ဆိုသူများ လူသတ်မှုဖြင့် တရားစွဲခံရ

0
183

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက်တပ်ဖွဲ့) အဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦးပါဝင်သည့် ၁၅ ဦးအဖွဲ့ကို စစ်ကောင်စီက လူသတ်မှုဖြင့် နိုဝင်ဘာလ ၁ ရက်နေ့က ဖျာပုံခရိုင်တရားရုံးတွင် စတင်တရားစွဲဆိုခြင်းဖြစ်သည်။

“လောလောဆယ် လူသတ်မှုနဲ့စွဲတာ နောက်အမှုတွေ ကျန်သေးတယ်လို့ သိရတယ်။ ဖျာပုံမှာတော့ နိုင်ငံရေးအမှုကို လူမြင်ကွင်းရုံးထုတ်လာပြီးစစ်တာ ပထမဆုံးအကြိမ်ပဲ” ဟု ရှေ့နေတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုများလုပ်ခဲ့သည်ဟုဆိုကာ ကြေညာချက်ထုတ်ပြန်ခဲ့ဘူးသည့် Black Dragon Force Pyapon-BDFP အဖွဲ့ဝင်များအဖြစ် စွပ်စွဲဖမ်းဆီးခံရသူ ၁၅ ဦးအဖွဲ့ကို စစ်ကောင်စီက လူသတ်မှု ဥပဒေပုဒ်မ (၃၀၂) ဖြင့် တရားစွဲဆိုလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

Black Dragon Force Pyapon-BDFP အဖွဲ့ဝင်များအဖြစ် စွပ်စွဲဖမ်းဆီး ခံထားရသူ ၁၅ ဦးကို ယခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ဖျာပုံမြို့တွင် ဖြစ်ပွားခဲ့သည့် ထွေ/အုပ် စာရေးမအပါအဝင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အတွက်ဖြစ်သည်ဟု ရှေ့နေ့အသိုင်းအဝိုင်းကဆိုသည်။

“အဲ့ဒီအမှုအတွက် စစ်ကောင်စီဘက်က ဒု-ရဲမှူး အောင်လွင်က တရားလိုလုပ်ပြီး အမှုဖွင့်တရားစွဲတင်ရတာ။ လာမယ့် နိုဝင်ဘာ (၁၅) ရက်နေ့မှာ ဒုတိယအကြိမ် ထပ်ရုံးထုတ်မှာဖြစ်တယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

စစ်ကောင်စီ က Black Dragon Force Pyapon-BDFP အဖွဲ့ဝင်ဟု စွပ်စွဲခံရသူအချို့ကို ဩဂုတ် ၂၉ ရက်နေ့က စတင်ဖမ်းမိခဲ့ပြီးနောက် စက်တင်ဘာလဆန်းပိုင်းအရောက်တွင် စုစုပေါင်း (၁၅) ဦး ဖမ်းဆီးရမိခဲ့သည်ဟု စစ်တပ်၏ ဝါဒဖြန့်သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် “Black Dragon Force Pyapon-BDFP” အဖွဲ့က ဧရာဝတီတိုင်း ဖျာပုံနှင့် မအူပင်မြို့နယ်အတွင်း စစ်ကောင်စီ၏ နေရာအချို့နှင့် လူပုဂ္ဂိလ်အချို့ကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here