ရေဖြူမြိုန့ယ် တောင်ရင်းအင်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
81

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ တောင်ရင်းအင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားမများက ပြောသည်။

တောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း အသက် ၅၀ နှစ် သည် စက်တင်ဘာ ၇ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သူအိမ်ရှေ့ ဆိုင်ကယ် ဖြတ်မောင်းရင်းမှ အိမ်ရှေ့ လူအုံနေလို့ အကျိုး အကြောင်း မေးကြည့်မှ ပစ်ခံရမှန်း သိတာ” ဟု ပြောသည်။

၎င်း၏နေအိမ်တွင်ရှိနေသည့် ဦးနိုင်ဝင်းကို လူ ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသူ ဦးနိုင်ဝင်းသည် စစ်ကောင်စီ တပ်ဖွဲ့များကို ရံပုံငွေရရှိရန်အတွက် အကျိုးတူပူးပေါင်းကာ လောင်းကစားဝိုင်းများအား ကိုယ်တိုင် ဦးစီး ကျင်းပလေ့ရှိခြင်းကြောင့် ဒေသခံ PDF အဖွဲ့များက အကြိမ်ကြိမ် သတိပေးခံထားရသူတစ်ဦးလည်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီကို ကျေးရွာထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များနှင့် ပတ်သက်သည့် သတင်းအချက်လက်များကို ပေးကာ ဖမ်းဆီးခိုင်းခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်းများလည်း ပြုလုပ်နေသူဖြစ်သည်ဟု သိရသည်။

ယခုနှစ် မတ်လ ၃ ရက်နေ့ ညပိုင်းကလည်း ကံပေါက်ဒေသထဲရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီဝင် စစ်ကောင်စီသတင်းပေး ဦးလှသန်းဆိုသူလည်း ၎င်း၏ခြံအနီးတွင် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here