ကလေးမြို့ပေါ်ရှိ ခရိုင်မွေး/ကုဦးစီးဌာနမှ မွေးကုဆရာဝန်တစ်ဦး ပစ်သတ်ခံရ

0
163

၃၀ သြဂုတ် ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် တိရိစ္ဆန်ဆရာဝန် ဒေါက်တာမြင့်ဝင်းအား အမည်မသိလူတစ်စုက သြဂုတ်လ ၂၇ ရက်နေ့က သေနတ်နှင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။

ဒေါက်တာမြင့်ဝင်းသည် ကလေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယညွှန်မှူးဖြစ်ပြီး ၎င်းမှာ ရုံးဝန်းအတွင်း မိသားစုလိုက် နေထိုင်သူဖြစ်ကာ ဩဂုတ်လ ၂၇ ရက်က တိရစ္ဆာန်ဆေးကုပြီး အပြန်မှာ အသတ်ခံရခြင်းဖြစ်သည်ဟု ကလေးဒေသခံများထံမှ သိရသည်။

ဒေါက်တာမြင့်ဝင်း ကုပေးခဲ့ဖူးသော တိရိစ္ဆန်ပိုင်ရှင်တစ်ဦးက “ဆရာဆုံးသွားတယ်ကြားတော့ စိတ်မကောင်းဘူး။ သူက သဘောကောင်းတယ်။ ကျွန်မခွေးကလေး နေမကောင်းဖြစ်တော့ သူဆီပြဖြစ်တာ။ ဟိုတခေါက်တုန်းကဆို အိမ်ထိ လာရောက်ကြည့်ပေးသေးတာ” ဟု ပြောသည်။

ဒေါက်တာမြင့်ဝင်းသည် အလုပ်ကိစ္စမှအပ အပြင်ကိုထွက်လေ့မရှိဘဲ မိသားစုနှင့် ရုံးဝန်းထဲတွင်သာ နေထိုင်သူဖြစ်ပြီး ပစ်သတ်ခံရတာနဲ့ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

သူ၏ ရုပ်အလောင်းကို သြဂုတ် ၂၈ ရက်နေ့က သင်္ဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here