တီးတိန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စသုံးလုံးရုံးအတွင်း ပေါက်ကွဲမှုဖြစ်

0
117

၃၀ သြဂုတ် ၂၀၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်တွင် သြဂုတ် ၂၈ ရက် ညက စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ရုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံးခြုံရေးတင်းကြပ်ကာ စစ်သားများ ကားနှင့် လှည့်လည်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက “မနေ့ညက ဗုံးပေါက်ကွဲပြီး ဒီနေ့တော့ ကားနှင့် စကစ စစ်သားတစ်ချို့ လက်နက်တွေကိုင်ပြီး မြို့ထဲလှည့်လည်ပြီး လမ်းသွားလမ်းလာတစ်ချို့ကိုလဲ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်” ဟု ပြောသည်။

တီတိန်းမြို့ရှိ စသုံးလုံးရုံးသည် ရုံးတက်သူမရှိ၍ လူနေထိုင်ခြင်းမရှိဘူးလို့ သိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိသူ မရှိဘူးလို့လဲ သိရသည်။

ဒေသခံတစ်ဦးက “မနေ့ညက အသံအကြယ်ကြီးနဲ့ ဗုံးပေါက်ကွဲသံ ကြားရတယ်၊ မြေကြီးတောင် ခါသွားတယ်။ အဆောက်အအုံကတော့ ပျက်ဆီးသွားတယ်။ အဲရုံးက လမ်းမကြီးရဲ့ အထက် တောင်ကုန်းပေါ်မှာရှိတာဆိုတော့ အနီးအနား ထိခိုက်တာတော့ မရှိဘူး။ လမ်ပေါ်ထိ ပြတင်းပေါက်မှန်ကွဲစတွေတော့ လွင့်သွားတာတော့ ရှိတယ်။ ဘယ်အဖွဲ့က လာရောက်ဖောက်ခွဲတယ် ဆိုတာတော့ မသိရသေးဘူး။” ဟု ပြောသည်။

စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတစ်ခုဖြစ်တဲ့ Fiftytwo Media ကတော့ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး လူနေထိုင်ခြင်းမရှိတဲ့ စသုံးလုံးရုံးအား CDF တွေက လာရောက်ဗုံးထောင် ဖောက်ခွဲခြင်းဖြစ်သည်ဟု ၎င်းတို့၏ Telegram စာမျက်နာပေါ်တွင် ဖော်ပြသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here