ရေဖြူမြို့နယ် ကံပေါက်ဒေတွင် စစ်ကောင်စီတပ်ထဲဝင်ပါက ကျပ်သိန်း ၂၀ ပေးမည်ဟု စည်းရုံးနေ

0
142

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်။

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူငယ်များအား မိမိတို့တပ်ထဲသို့ ဝင်ရောက်ပါက ကျပ်သိန်း ၂၀ မှ ၂၅ သိန်းကို လက်ငင်းပေးမည်ဟု ယခုရက်ပိုင်းတွင် လိုက်လံစည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

“လိုအပ်တဲ့ အခွင့်အရေးတွေပေးမယ်။ မူးယစ်ဆေးဝါးနဲ့ အရက်တွေကိုလည်း စိတ်ကြိုက် အသုံးပြုခွင့်ပေးမှာ။ လုပ်မလားလို့ တပ်ကြပ်တယောက်က လာမေးတယ်။ စဉ်းစားအုန်းမယ်လို့ပဲ ပြန်ပြောလိုက်တယ်” ဟု အသက် ၂၅ နှစ်အရွယ် ဖားချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် နေ့စားခအဖြစ် ရှေ့တန်းထွက်သည့်အခါ နယ်မြေကျွမ်းကျင်သူများကို တစ်ရက်လျှင် ကျပ် ရှစ်သောင်းမှ တစ်သိန်းအထိ ပေးသွားမည်ဖြစ်ပြီး ကျေးရွာများအတွင်းတွင် ကင်းလှည့်ရာတွင် ပါဝင်ပေးပါက နေ့စားခအဖြစ် ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ပေးသွားမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံစည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

ကံပေါက်ဒေသအတွင်းရှိ အလုပ်အကိုင်မရှိ မူးယစ်ဆေးစွဲနေသည့် လူငယ်များအား အဓိကပစ်မှတ်ထားကာ လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

လက်ရှိတွင် ၂၇၃ တပ်ရင်းအတွင်း တပ်သားသစ် အချို့ရောက်ရှိနေကာ အဆိုပါ တပ်သားသစ်များကို မူးယစ်ဆေးဝါးများ လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားပြီး ထွက်မပြေးနိုင်စေရန်အတွက်လည်း ကင်းအထပ်ထပ်ချထားသည်ဟု အမည်မဖေါ်လိုသူ တပ်မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းထဲမှ တပ်မိသားစုဝင်များကိုလည်း အပြင်ထွက်သွားလာခွင့် ကန့်သတ်မှုများရှိနေကာ အိမ်ထောင်သည် လိုင်းများအတွင်း ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here