ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများအား ချင်းဒေသကွာကွယ်ရေးမှ ဖမ်းဆီးရမိ

0
113

၈ သြဂုတ် ၂၀၂၂

ချင်းပြည်နယ်ဒေသကာကွယ်ရေး CDF တပ်ဖွဲ့က အကြိမ်ကြိမ် သတိပေးထုတ်ပြန်သည့်ကြားမှ မီဇိုရမ်ပြည်နယ်သို့ ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားရန် သယ်ဆောင်လာသာ ချင်းလူမျိုး၂ ဦးကို CDF-Thantlang တပ်ဖွဲ့က သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။

ထန်တလန်မြို့နယ်၊ CDF-Thantlang တပ်ရင်း (၄) နယ်မြေ၊ ထန်ဇန်းနှင့် ရွာခွာကျေးရွာအကြား စစ်ဆေးရေးဂိတ်တွင် ထန်တလန်မြို့နယ် Fungkah ကျေးရွာနေ Pu Za Hup နှင့် Pu Van Za Ham တို့နစ်ဦးထံမှ သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ၁၅၀ ဂရမ်မှာ ကာလပေါက်ဈေးနှုန်းအရ ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။

ဘိန်းဖြူများကို ကလေးမြို့မှယူဆောင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနင့် ယခင်ကလည်း မီဇိုရမ်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လေ့ရှိပြီး ၎င်းတို့နဲ့အတူ တွဲလုပ်သူများလည်း ထန်တလန်မြို့နယ်တွင် ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏ ဝန်ခံထွက်ဆိုချက်အရ သိရသည်။

CDF-Thantlang တရားစီရင်ရေးဌာနကမှ ၎င်းတို့ ၂ ဦးကို ဥပဒေအတိုင်း ထိုက်တန်သော ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here