“ဒီ ဗိုလ်ချုပ်နယ်ဒါးဖွဲ့လိုက်တဲ့ ကော်သူးလေ Army ကတော့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပေါ်မှာ ကျနော်တို့ လက်ခံလို့ မရဘူးဆိုတဲ့အကြောင်းပါ” ဒု-ဗိုလ်မှူးကြီး ဖန်လုံ့ဟိန်း (တွဲဖက်စစ်ရေးချုပ်၊ KNLA)

0
197

KNLA တွဲဖက် စစ်ရေးချုပ် ဒု-ဗိုလ်မှူးကြီး ဖန်လုံ့ဟိန်းနှင့် အမေးအဖြေ

၂၂ ဇူလိုင် ၂၀၂၂

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မြ (ကွယ်လွန်) ၏ သားဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက Kaw Thoo Lei Army ကို ဖွဲ့စည်းလိုက်သည်ကို KNU၊ KNLA၊ KNDO တို့က လက်မခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Kaw Thoo Lei Army ကို ဖွဲ့စည်းလိုက်ခြင်းသည် ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် လက်ခံမည်မဟုတ်ကြောင်း KNU၊ KNLA၊ KNDO တို့က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပရှိ အများပြည်သူများ သိရှိအောင် ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဘာကြောင့် KNLA/KNDO က Kaw Thoo Lei Army ကို လက်မခံရတာလဲ၊ KNLA/KNDO တပ်မှူးတွေရဲ့ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်က ဘာတွေလဲ၊ အခုလို သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး KNU၊ KNLA၊ KNDO တို့က ဗိုလ်မှူးချုပ် နယ်ဒါးမြနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါသလား၊ စတာတွေကို KNLA တွဲဖက်စစ်ရေးချုပ် ဒု-ဗိုလ်မှူးကြီး ဖန်လုံ့ဟိန်းကို ဆက်သွယ်မေးမြန်း ထားသည်။

မေး – Kaw Thoo Lei Army ကို လက်မခံရတဲ့ အဓိကအကြောင်းအရင်းက ဘာလို့ပြောလို့ရသလဲ။

ဖြေ – အဲဒီမှာ Statement ထဲမှာလည်း ပါပြီးသားပဲလို့ပဲ ပြောလို့ရတာပေါ့နော။ အများစုက မနေ့က ဇူလိုင် ၁၉ ရက် နေ့မှာ ဗိုလ်ချုပ် နယ်ဒါးကနေပြီးတော့ သူ့ရဲ့ သဘောထားဆန္ဒနဲ့ ဖွဲ့စည်းလိုက်တဲ့ အပေါ်မှာ ကျနော်တို့ KNLA ရော KNDO ကရော ကျနော်တို့ KNU ကပေါ့နော အဲဒါက ကျနော်တို့နဲ့ ညှိနှိုင်းတိုင်ပင်မှုလည်း မရှိဘူးပေါ့နော်။ သူ့သဘောနဲ့ သူဖွဲ့တဲ့အတွက် ကျနော်တို့ လက်ခံလို့ မရဘူးဆိုတဲ့ အကြောင်းပေါ့ နော်။ အဲဒါ statement ပြန်ပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။

မေး – Kaw Thoo Lei Army ဆိုတာ ရှိပြီးသားမို့ လက်မခံတာလား။

ဖြေ – အဲဒါလည်း တစ်ပိုင်းပေါ့နော။ အခုက ကော်သူးလေ Army က လက်ရှိ ဒီအချိန်မှာက မသင့်တော်တာလည်း ပါတာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးကရင့်တော်လှန်ရေး သမိုင်းကြောင်းကို ပြန် ကြည့်မယ်ဆိုရင်တော့ အရင် ၄၉ နောက်ပိုင်းမှာတော့ ဒီ Kaw thoo lei Armed Forces ဆိုတာကတော့ ကျနော် တို့ ရှိခဲ့တယ်လေ။ အဲဒီအပေါ်မှာပဲ ကျနော်တို့ အခုလက်ရှိပေါ့နော KNLA ရော KNDO ရောက သူတို့ရဲ့ စိတ်ထဲမှာ တော့ ကျနော်တို့က ဒီကော်သူးလေ တပ်မတော်လိုပဲ ကျနော်တို့ကိုယ် ကျနော်တို့က ခံယူထားတာပေါ့နော။ အဲဒီ အပေါ်မှာပေါ့။ ဒီဗိုလ်ချုပ်နယ်ဒါးဖွဲ့လိုက်တဲ့ ကော်သူးလေ Army ကတော့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပေါ်မှာ ကျနော်တို့ လက်ခံလို့ မရဘူးဆိုတဲ့ အကြောင်းပါ။

မေး – KNLA/KNDO တို့ရဲ့ တပ်မတော်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေက ဘာတွေလဲ။

ဖြေ – အဲဒါကတော့ ယေဘုယျအားဖြင့်တော့ ကျနော်တို့မှာ ဆန္ဒတွေရှိတယ်ပေါ့နော ကျ နော်တို့ တပ်မတော်တွေ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနဲ့ဖြစ်ဖို့ဆိုတာ ကျနော်တို့ KNLA ကော KNDO တို့ က ကျနော်တို့က ဆန္ဒရှိပြီးသားပဲလေ။ ရှိပြီးသားတဲ့အပေါ်မှာက ကျနော်တို့က ဖွဲ့မယ်ဆိုရင် ဘယ်လိုဖွဲ့ ပုံစံဖွဲ့ရ မယ် ဆိုတာပဲ မဟုတ်ဘူးနော။ တခြားလိုအပ်တဲ့အပိုင်းတွေကိုတော့ ကျနော်တို့က အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး တော့ ဖွဲ့နိုင်ဖို့ကတော့ ကျနော်တို့မှာ ဆန္ဒတော့ ရှိကြတာပဲလေ။ ဒီဗိုလ်ချုပ်နယ်ဒါးက ဖွဲ့လိုက်တဲ့ ဥစ္စာကတော့ လက်တ လော အခြေအနေမှာ သူ့စိတ်ကူးနဲ့ သူဖွဲ့လိုက်တဲ့ သဘော အဲလိုပေါ့နော်။ တကယ်မှာကတော့ ညှိနှိုင်း တိုင်ပင်သင့်တာပေါ့။ ကျနော်တို့ KNU ပဲ ဖြစ်ဖြစ် KNLA အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖွဲ့သင့်လား မဖွဲ့သင့် လားဆိုတာ ပေါ့နော်။ ခေါင်းဆောင်ကြီးတွေရဲ့ သဘောထားဆန္ဒတွေကိုလည်း ပါဖို့လည်း အရေးကြီးတာပေါ့ နော။ ဒါပေမယ့် သူဖွဲ့တဲ့အတွက် ကျနော်တို့ လက်ခံလို့ မရတယ်ဆိုတဲ့ အကြောင်းပါပဲ။

မေး – ထုတ်ပြန်ချက်ထဲမှာ တွေ့ရတာက တပ်မတော် ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး KNLA/KNDO တပ်မှူးတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆန်ကျင်ပြီး ဖွဲ့စည်းထားတာလို့ ပြောတယ်။ ဆိုတော့ တပ်မှူးတွေရဲ့ အစည်း အဝေး ဆုံးဖြတ်ချက်က ဘာတွေလဲ။

ဖြေ – အဲဒါက ဟိုးလွန်ခဲ့တဲ့ ဇူလိုင် ၆ ရက် ၇ ရက်မှာ ကျနော်တို့ရဲ့ KNLA ၊ KNDO တပ်မှူး များ အရေးပေါ် အစည်းအဝေး လုပ်တယ်လေ။ အဲဒီမှာက ကျနော်တို့ တပ်မှူး၊ တပ်ဗိုလ်တွေက ကော်သူးလေ Army ဖွဲ့မယ်လို့လည်း ကျနော်တို့ ဆုံးဖြတ်ချက်လည်း မရှိဘူးလေ။ အဲဒီအပေါ်မှာ သူက သူ့သဘောနဲ့ သူဖွဲ့လိုက် တဲ့ အပေါ်မှာ ကျနော်တို့ကတော့ အဲဒါကိုတော့ လက်မခံဘူးဆိုတာကို ပြန်ပြီးတော့ ရှင်းလင်းပေးတာပေါ့နော်။ အများပြည်သူသိအောင်။ အဲဒီမှာ ဆုံးဖြတ်ချက်တစ်ချက်ရှိတာက ကျနော်တို့ ဒီအရေးပေါ် တပ်မှူးများ အစည်း အဝေးမှာ KNLA ရော KNDO ရောက သူ့ရဲ့ ယူနီဖောင်းပေါ့နော်။ အခုသုံးတဲ့ ယူနီဖောင်းရဲ့ ဒီရင်ဘတ် ဘယ်ဖက် ပေါ့ ရင်ဘတ်အပေါ်မှာ သူက ကော်သူးလေ သူမူဒိုဆိုတဲ့ စကားလုံးကို အားလုံးပေါ့နော။ ယူနီဖောင်း ဖြစ်အောင် ထည့်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ရှိခဲ့တာပေါ့နော။ အဲလောက်ပဲလေ ကျနော်တို့ ယူနီဖောင်း KNU ပဲဖြစ်ဖြစ် KNLA ပဲ ဖြစ်ဖြစ် သူ့ရဲ့ ယူနီဖောင်းရဲ့ ရင်ဘတ်မှာ ကော်သူးလေ သူမူဒိုဆိုတဲ့ တံဆိပ်ကို ထည့်ဖို့လောက်ပဲ ကျနော်တို့က အဲဒီ ဆုံးဖြတ်ချက် ရှိတာပေါ့နော။ အဲဒီအပေါ်မှာ ဗိုလ်ချုပ် နယ်ဒါးကနေပြီးတော့ အဲဒါကို ဘယ်လိုနားလည်မှု ယူပြီးတော့ သူ့ဟာသူ ကော်သူးလေ သူမူဒိုလုပ်လိုက်တဲ့အတွက်က ကျနော်တို့ စဉ်းစားလို့ မရဘူးဖြစ်နေတာ ပေါ့နော။ သုမူဒိုကိစ္စကို။

မေး – ဒီလို အခြေအနေမျိုးမှာ KNLA/KNDO က ဗိုလ်မှူးချုပ် နယ်ဒါးမြနဲ့ ပြန်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိသလား။

ဖြေ – အခုလောလောဆယ်တော့ မရှိသေးဘူးပေါ့နော။ ဒါပေမယ့် နောက် ကျနော်တို့ အထက်လူကြီးတွေရဲ့ သဘောထား ရှိမယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် ဖြစ်လာနိုင်စရာ အကြောင်းတော့ ရှိမှာ ပေါ့နော။

မေး – ဗိုလ်မှူးချုပ် နယ်ဒါးမြက Kaw Thoo Lei Army ဖွဲ့လိုက်တဲ့အပေါ်မှာ KNLA/KNDO တပ်မှူး၊ တပ်ဗိုလ်၊ တပ်သားတွေရဲ့ တုန့်ပြန်မှု သဘောထားတွေက ဘယ်လိုရှိသလဲ။

ဖြေ – လောလောဆယ်တော့ ကျနော်တို့ တပ်မှူး တပ်ဗိုလ် တပ်သားတွေကတော့ ဒီကော် သူးလေ တပ်မတော်ကတော့ ကျနော်တို့ နှလုံးသား ဆန္ဒထဲမှာတော့ ရှိကြတာပဲလေ။ ဒါပေမယ့် လောလောဆယ် ဖြစ်လာတဲ့ ကော်သူးလေတပ်မတော်ကတော့ အားလုံးကတော့ ပြောရမယ်ဆိုရင်တော့ လက်ခံလို့ မရဘူးလို့ပဲ။ ကျနော်တို့ သုံးသပ်မိတာပေါ့နော။ ဒါပေမယ့် တချို့ကတော့ ထင်ယောင်ထင်မှား ဖြစ်မှာစိုးလို့လေ အဲဒါကျနော် တို့ ပြန်ပြီးတော့ ရှင်းလင်း ချက်ပေးရတဲ့သဘောပါ။

မေး – ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွတ် ပြောချင်သေးလဲ။

ဖြေ – ပြောစရာကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျနော်တို့ အခုဒီ ထုတ်ပြန်ရတဲ့အပေါ်မှာကလည်း ခုနကပေါ့ ပြည်သူလူထုတွေပဲ ဖြစ်ဖြစ်ပေါ့။ ဒီပြည်တွင်းပြည်ပက တစ်ချို့ ဟိုနားလည်မှု လွှဲ မှားမှာ စိုးလို့ပေါ့နော။ ကျနော်တို့ ပြန်ပြီးတော့ သဘောထား ပြန်ပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့။ အချုပ် အားဖြင့်တော့ ဒီ ၁၉ ရက်နေ့က ဒီ ဆိုရှယ်မီဒီယာပေါ်မှာ ဟိုးလေးတကျော်ပေါ့ဗျာ။ ဟိုးလေးတစ်ကျော် ဖြစ်သွား တဲ့အပေါ်မှာ တော်ကြာ ကျနော်တို့ အပေါ်မှာ ဒီထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားပဲ ထင်ယောင်ထင် မှားတွေ ဖြစ်မှာစိုးလို့လေ ကျနော်တို့နဲ့လည်း ဆက်စပ်မှုလည်း မရှိဘူးပေါ့နော။ ဒီဖွဲ့လိုက်တဲ့အပေါ်မှာ ကျနော် တို့လည်း သဘောတူညီမှုလည်း မရှိဘူးဆိုတဲ့အပေါ်မှာ ဒီအားလုံးသိအောင် ပြန်ပြီးတော့ ရှင်းလင်းခြင်း ဖြစ်ပါ တယ်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here