တိုက်ပွဲများ ဖြစ်လာပွားနိုင်သဖြင့် မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်းက အများပြည်သူသို့ သတိပေးစာထုတ်ပြန်

0
113

၂၁ ဇူလိူင် ၂၀၂၂

ဒေသတွင်းတိုက်ပွဲများ ဖြစ်လာနိူင်သဖြင့် အများပြည်သူအနေဖြင့် သတိထားပြင်ဆင်နိူင်ရန် မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W က သတိပေးစာတစ်စောင်ကို ၎င်းတို့၏ လူမှုမီဒီယာ စာမျက်နှာမှတဆင့် ဇူလိုင် ၂ ၀ရက် ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

“အခြေနေက ဆိုးဝါးတဲ့ဘက်ကို ဦးတည်နေပါတယ်။ ဒါကြောင့်လဲ ပြည်သူတွေ သတိရှိဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ဖို့ သတင်းပေးပို့ထားတာပါ” ဟု M2W တပ်ရင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သတိပေးနိူးဆော်စာတွင် မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုတွေ ရှိလာနေသဖြင့် တိုက်ပွဲဖြစ်ရန် စစ်မြူနေသည်ဟု ယူဆသောကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို အထူးသတိပြုကြရန်နှင့် စစ်ရှောင်လိုပါကလည်း စစ်ကောင်စီတပ်များနှင့် လွတ်ကင်းရာနေရာများသို့ ကြိုတင်တိမ်းရှောင်ကြရန်၊ ကိုယ်တိုင်တိုက်ပွဲဝင်မည်ဆိုပါက တစ်စုံတစ်ရာ ကြိုတင်ပြင်ဆင်ထားရန်၊ ရိက္ခာခြောက်များ ကြိုတင်ပြင်ဆင်ထားကြရန်ဟု ဖော်ပြထားသည်။

မြောင်ဒေသအတွင်း လှုပ်ရှားနေသော စစ်အင်အားမှာ ၆၀ ဝန်းကျင်ခန့်ဆိုသော်လည်း သာလွန်လက်နက်အင်အားရှိပြီး လေယာဉ်ပစ်ကူပါ အချိန်မရွေးလာရောက်နိူင်သဖြင့် ပြည်သူများအတွက် ချိန်ဆနေရကြောင်း M2W တာဝန်ရှိသူက ဆိုသည်။

မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W သည် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေသော ကာကွယ်ရေးတပ်ဖွဲ့များစွာထဲမှ အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသော တစ်ဖွဲ့တည်းသော ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here