“အခုဖြစ်ပျက်နေတဲ့ပြဿနာက ကျနော် တို့ SSPP နဲ့ RCSS ရဲ့ပြဿနာ ဖြစ်တယ်။ တခြား မလိုအပ်တဲ့ အဖွဲ့အစည်းတွေ၊ တပ်မတော်အပါအဝင်ပေါ့။ တခြားပြည်သူ့စစ်တွေ အပါအဝင် ရော မပါဖို့၊ နောက်ပြီး ပါပြီးတော့ ဝင်မစွက်ဖက်ဖို့ အဲဒါပြောချင်တယ်။ အဲဒါပါ ပြီးတော့ စွက်ဖက်တာတို့ဆိုရင် မလိုလားအပ်တဲ့ဆိုးကျိုးများလည်း ဖြစ်လာမယ်” ဒု-ဗိုလ်မှူးကြီးစိုင်းဆု (ပြောခွင့်ရှိသူ – SSPP/SSA)

0
226

ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းဆုနဲ့ အမေးအဖြေ

၅ မေ ၂၀၂၂

လက်ရှိ ရှမ်းပြည်တောင်ပိုင်းက စစ်ရေး တင်းမာမှုတွေ၊ ဒီတင်းမာမှုထဲမှာ ဘယ်အဖွဲ့တွေ ပါဝင်ပတ်သက်နေလဲ၊ မြေပြင်အခြေအနေက ဘယ်လိုလဲ၊ ဧပြီလ နောက်ဆုံးအပတ်ထဲမှာ RCSS ဘက်ကနေ SSPP ဘက်ကို အင်အားဘယ်လောက်က ဘာကြောင်းကြောင့် လာရောက်ပူးပေါင်းလာတာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့လာနေတယ်လို့ ပြောတယ်ဆိုတော့ အဲ့ဒီအခြေအနေသိချင်ပါတယ်။

ဖြေ – အခြေအနေကတော့ သူတို့ ဆနင်းဘက်ကပေါ့နော် ဆနင်းဆိုတာ ပန်လုံ (ပင်လုံ) ရဲ့ အနောက်ဘက်မှာရှိတယ်။ ကျနော်တို့ရှိနေတဲ့နေရာကို သွားတာပေါ့နော်။ ကျနော်တို့ ယာယီခြေကုပ်ထားတဲ့စခန်းကို တက်ချင်တာပေါ့နော်။ ကျနော်တို့ ရှိတဲ့နေရာကို သူတို့က သွားချင်တယ်ဆိုတော့ ပဋိပက္ခတွေဖြစ်ချင်တယ်ပေါ့။ နည်းနည်း တင်းမာနေ ကြတာပေါ့နော်။

မေး – သူတို့ဘက်က စစ်ကြောင်းက အင်အားဘယ်လောက်များလဲ။

ဖြေ – သူတို့စစ်ကြောင်းကတော့ စခန်းနားမှာသွားတာကတော့ ၅၀ လောက်ရှိတာပေါ့။ အနီးအနားဝန်းကျင်မှာတော့ ၈၀ တို့ ၁၀၀ တို့ ပြန့်ကြဲပြီးတော့ လှုပ်ရှားတာတော့ ရှိတာပေါ့။

မေး – စစ်ကောင်စီရဲ့ စစ်ကြောင်းပဲလား။ တခြား ဘယ်သူတွေပါသလဲ။

ဖြေ – အဓိကတော့ ရလခတိုင်းမှာပေါ့ ရလခတိုင်းမှာတော့ သူတို့က ပြည်သူ့စစ်တွေလည်း ခေါ်တာပေါ့။ ပအိုဝ့် ဘက်က ပြည်သူ့စစ်တွေခေါ်တယ်။ နောက်ပြီး SSA ကို စစ်ဆင်ဖို့ပေါ့ မင်းတို့လည်းပါရမယ် ဘာညာ ခြိမ်းခြောက် ပြီး ပြည်သူ့စစ်ကလည်း မလွန်ဆန်ပဲနဲ့ သွားတယ်ပေါ့။ အဲ့ဒါလည်း ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိတယ်။ နောက်ပြီး RCSS နဲ့လည်း သူတို့ စစ်ကြောင်းတွေ ပြင်ဆင်ထားတာရှိတယ်။ နောက်ပြီး တချို့အဖွဲ့တွေကလည်း ချဥ်းကပ်မှုတွေ လုပ်တယ်ပေါ့။ ကနေ့ကြတော့ စစ်ကောင်စီကပေါ့နော် စကစက ကျနော်တို့စခန်းကို သွားပြီးတော့ ချဉ်းကပ်မှုတွေ လုပ်တယ်။ အဲ့ဒါသူတို့က အပြတ်ရှင်းမယ်ပေါ့ အပြတ်ရှင်းမယ်ဆိုတော့ ကျနော်တို့လည်း ပြောရ တာပေါ့ အဲ့လိုမျိုးတော့ မကောင်းဘူးပေါ့နော်။ ထိတွေ့မှု ဖြစ်သွားရင်တော့ ကျနော်တို့က ထိန်းနိုင်မှာမဟုတ်ဘူး ကျနော်တို့ပြောတယ် သူတို့ကို။ တခြားနေရာမှာတော့ ဖြစ်တာမဟုတ်ဘဲနဲ့ ဖြစ်တာက ပင်လုံမြို့နယ်မှာပေါ့။ ပင်လုံ မြို့နယ်မှာပဲ ဖြစ်တယ်။ တခြားနေရာတွေကတော့ နီးနီးကပ်ကပ်ချဉ်းကပ်တာ မရှိဘူး။ မရှိပေမယ့်လည်း ပိတ်ဆို့ ရေးဘာညာ အဲ့လိုမျိုး လုပ်တာတော့ ရှိတယ်။ RCSS အဖွဲ့ပါတယ်ဗျ။ RCSS အဖွဲ့က မနီးမဝေးချဉ်းကပ်မှုတွေ ရှိ တယ်။ စကစ စစ်ကြောင်းနဲ့ RCSS စစ်ကြောင်း နဲ့ မနီးမဝေး အဲ့လိုမျိုး ချဉ်းကပ်တာ ရှိတယ်။ တခြားအဖွဲ့တွေ က တော့ ရှိပေမယ့်လည်း နည်းနည်းဝေးတာ ပေါ့ နော်။ တခြားအဖွဲ့ဆိုတာက ဥပမာ S သုံးလုံးတို့ပေါ့နော်၊ နောက်ပြီး တချို့ကလည်း PNO ပေါ့ ပအို့ဝ်အဖွဲ့ပေါ့။ ပြည်သူ့စစ်လုပ်ထားတာကိုး။ ဆိုတော့ စစ်တပ်က ခေါ်သွားတာပေါ့။ အဲ့လိုမျိုးပေါ့။

မေး – အခုတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးလား။

ဖြေ – အခုက တိုက်ပွဲအခြေအနေက သူတို့ပြောတဲ့အတိုင်းပဲ သူတို့လုပ်မယ်ဆိုရင်တော့ သိပ်ပြဿနာ မရှိဘူးပေါ့ နော်။ သူတို့က ပြောတဲ့အတိုင်း မလုပ်ဘူးဆိုလို့ရှိရင် သူတို့ ဟိုမှာသွားမယ်၊ ဒီမှာသွားမယ်ဆိုတဲ့ဟာ။ ၂ ရက်၊ ၃ ရက်နေမယ်၊ တပတ်နေမယ် ဘာညာအဲလို သူတို့ပြောထားတဲ့၊ သူတို့ကတိပေးထားတဲ့ ကတိစကားအတိုင်း သူတို့ မလုပ်ဘူးဆိုရင်တော့ တိုက်ပွဲတော့ ဖြစ်နိုင်တာပေါ့။

မေး – SSPP နဲ့ စစ်ကောင်စီတို့ကြားမှာ တခြား ဘာတွေပြောဆိုထားလဲ။

ဖြေ – ဘာတွေပြောထားလဲဆိုတော့ ကျနော်တို့ကတော့ သီးသန့်ကျနော်တို့လာတဲ့နေရာကို မလာစေချင်ဘူးလေ။ ကျနော်တို့ ရှိတဲ့နေရာတွေကို မလာနဲ့၊ မသွားနဲ့၊ လာရင်တော့ တိုက်ပွဲဖြစ်တယ်၊ ထိတွေ့မှုဖြစ်တယ် ဘာညာပေါ့။ သူတို့လည်း ခဏတဖြုတ်ပါ၊ တစ်ရက်ပါ ဘာညာ အဲလိုမျိုး ကတိအတိုင်း သူတို့လိုက်မလုပ်ဘူးဆိုတော့ တိုက်ပွဲ တော့ ဖြစ်နိုင်တာပေါ့။

မေး – SSPP ဘက်ကနေရော တခြား ဒီကူပြီး တိုက်ပေးယ့် ပါဝင်အားဖြည့်ပေးမယ့် အဖွဲ့တွေရော ရှိလား။

ဖြေ – တစ်ဖွဲ့တည်းလည်း ကျနော်တို့က စိုးရိမ်စရာမရှိပါဘူး။ သူတို့က လုပ်လာလို့ရှိရင်တော့ ပူးပေါင်းဆောင် ရွက် မှုတွေ အများကြီးရှိလာမှာပါ။

မေး – နောက်တစ်ခုမေးချင်တာက ဒီ RCSS ဘက်က တပ်သားတွေ လာရောက်ပူးပေါင်းတယ်ဆိုတဲ့ အခြေအနေ သိချင်ပါတယ်။ ဘယ်နှစ်ယောက်လဲ လာရောက်ပူးပေါင်းတာလဲ။

ဖြေ – အဲဒါကတော့ သူတို့ ဝင်လာတာကတော့ ရှိပါတယ်။ ရှိပေမယ့်လည်း ကျနော်တို့က အခုမှာဆိုရင် ပြန်လွှတ်လိုက်ပြီ။ သူတို့ အိမ်မှာ။ တချို့တွေက အိမ်ပြန်ချင်တယ်။ ကျနော်တို့ အိမ်ပြန်လွှတ်ပေးတယ်‌ပေါ့နော် အဲလိုမျိုး။ ဒီအဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်တဲ့သူလည်း ဒီသူတို့က နဂိုရှိထားတဲ့ ရာထူး၊ တာဝန်တွေကိုလည်း ကျနော်တို့က ပြန်ပေးတယ်။ အယောက် ၃၀၀ ကျော်တယ်။

မေး – အဲ့ဒီ RCSS အဖွဲ့ဝင်တွေက ဘာကြောင့် SSPP မှာ လာရောက် ပူးပေါင်းတယ်လို့ ပြောလို့ရလဲ။

ဖြေ – အဲဒါဘာကြောင့် လာရောက်ပြီးတော့ ပူးပေါင်းတယ်ဆိုတာက သူတို့က ကျနော်တို့ SSPP က ပေါ့နော်။ လူ မျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်တယ်။ နောက်ပြီး လူမျိုးရေး နဲ့ အခြေမခံဘူးပေါ့နော်။ ဖယ်ဒရယ်ကို အခြေခံပြီးတော့ ဖယ်ဒရယ်ရှမ်းပြည် အခြေခံပြီးတော့ ဒီလူမျိုးပေါင်းစုံကို၊ ဟိုဟာပေါ့ ဒီရှမ်းပြည်မှာ ရှမ်းကပဲ အဓိကပိုင်ဆိုင်တာမဟုတ်ဘူးပေါ့။ လူမျိုးပေါင်းစုံ၊ ရှမ်းက ပါဝင်စုပေါင်းပြီး တော့ ပိုင်ထားတာဖြစ်တဲ့ အတွက်ပေါ့။ ကျနော်တို့က ဖယ်ဒရယ်လမ်းစဉ်ကို ကျင့်သုံးပြီးတော့ အဖွဲ့တွင်းရော၊ အဖွဲ့ရဲ့ ပြင်ပပါ မဟာမိတ်တွေကအစပေါ့နော် အားလုံးတန်းတူရည်တူ ရပ်တည်ပြီးတော့ လှုပ်ရှားနေတဲ့ အဖွဲ့အ စည်းဖြစ်တဲ့ အခါကျတော့ နောက်ပြီး RCSS ကျတော့ ရှမ်းလူမျိုးတွေကို အခြေခံပြီး လုပ်တဲ့အခါကျတော့ ပြဿ နာတွေက များတာပေါ့။ ရန်သူတွေက များတဲ့အခါကျတော့ ဟိုအဖွဲ့လည်း မတည့်လိုက်၊ ဒီအဖွဲ့လည်း မတည့် လိုက်၊ ဘုံရန်သူကလည်း ကွဲကွဲပြားပြား ခွဲခြားမှု မရှိတဲ့အခါကျတော့ သူတို့ထဲမှာ အားမလို၊ အားမရ ဖြစ်စေ ပြီး တော့ သူတို့ကကျောခိုင်းပြီးတော့ ကျနော်တို့ကို လာပြီးတော့ ပူပေါင်းတာပါ။

မေး – လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ရေးတင်းမာမှုတွေကို လျော့ချနိုင်ဖို့အတွက် တခြားလုပ်ဆောင်မှု အခြေအနေတွေကရော ရှိလား။

ဖြေ – ကျနော်တို့က ဟိုတလောတုန်းကလည်း၊ မကြာခင်တုန်းကလည်း နေပြည်တော်မှာ သွားတွေ့တာ၊ ကျနော် တို့က ပြောတာ ရှိတယ်။ ကျနော်တို့က အခုက ဖြစ်နေတဲ့ ပြဿနာက ကျနော်တို့က ရောက်ရှိနေတဲ့နေရာ တော် တော်များများက ဒီ RCSS နဲ့ ပတ်သက်ပြီးတော့ အဓိက ပြဿနာဖြစ်တာပေါ့။ အဲဒါတွေထဲမှာ တပ်မတော်က ဝင်မ စွက်ဖက်ဖို့ သူတို့ကို ပြောတယ်။ အခုက ကျနော်တို့က ဒီ RCSS ကို နယ်မြေပိုင်းခြားနိုင်အောင် ညှိနှိုင်းဆွေးနွေး တယ်။ ဆွေးနွေးထားတာပေါ့နော်။ ဆက်သွယ်ထားတာပေါ့။ အဲဒါတွေ ကျနော်တို့ ဒီတပ်မတော်က ဝင်မစွက်ဖက် ရန် ကျနော်တို့အနေနဲ့ သူတို့ကို ပြောထားတယ်။ ဝင်ပြီးတော့ စွက်ဖက်လာလို့ ရှိရင်တော့ ပြဿနာရှိတာပေါ့။ အဲတာတော့ သူတို့က ကျနော်တို့ကို ဆုတ်ခိုင်းတာပေါ့။ အဲဒါ ကျနော်တို့လည်း ကျနော် တို့ ဆုတ်မယ်၊ မဆုတ်ဘူး မပြောနိုင်သေးဘူး။ မပြောနိုင် သေးဘူးဆိုတာ ဒီ RCSS နှင့် ကျနော်တို့အဖွဲ့နဲ့ ပိုင်းခြား မယ်ဆိုလို့ရှိရင် ကျနော်တို့ ရှိထားတဲ့နေရာ ဒေသတော်တော်များများက RCSS က NCA လက်မှတ်ထိုးပြီးမှ ကျနော်တို့နယ်မြေထဲကို ကျူးကျော်ထားရတာကိုး။ အဲ့တော့ ကျနော်တို့က သူတို့ကို ပြန်ရှင်းထုတ်တဲ့ နေရာမှာ ရောက်ရှိနေတဲ့နေရာတွေမှာ ဒီ RCSS နဲ့အခိုင်အမာ မဆွေးနွေးရသေးဘဲနဲ့ သူတို့ကလည်း စစ်အင်အားနဲ့ ဖိပြီး တော့ အတင်းဆုတ်ခိုင်းတာပေါ့။ အဲလိုမျိုးကျတော့ ကျနော်တို့လည်း လက်ခံလို့ မရဘူး။ သူတို့ကို ပြတ်ပြတ် ပြော ထားတယ်။ ရှိတယ်ပေါ့။ အခုက သူတို့ကျတော့ အကြောင်းပြချက်တွေ အမျိုးမျိုးပေါ့။ သူတို့ ကျတော့ အဲလိုမျိုး တွေ ဖြစ်နေကုန်တယ်။ အဲ့တော့ ခု သူတို့လုပ်တဲ့ပုံစံက RCSS က တစ်ကြောင်း၊ စစ်တပ်က တစ်ကြောင်း၊ ဒါစစ် တပ်ဘက်မှာလည်း ပြည်သူ့စစ်တွေကလည်း ခေါ်ပါနေတယ်လေ။ တိုက်ပွဲဖြစ်ရင်တော့ တော်တော် လေးဆုတ် ရုတ်သွားကုန်မှာ။ အဲ့တော့ မဖြစ်ရင်တော့ ကောင်းတာပေါ့။ အဲဒါလည်း သူတို့ကို ဆွေးနွေးဖို့လည်း ကျနော်ထင် တာ လောလောဆယ်မှာ အဆင်မပြေလောက်ဘူး။ အဆင်မပြေလောက်ဘူးဆိုတာက သူတို့က တစ်ခွန်းတည်း၊ တစ်ခွန်းဘဲပြောနေကြတယ်ဆိုရင်တော့ သူတို့ ဖြစ်ချင်တဲ့ဟာ သူတို့ဟာသူတို့ ပြောပြီး ကျနော်တို့ ဖြစ်ချင်တဲ့ဟာ သူတို့က လိုက်လျောမှု၊ အပြန်အလှန် လိုက်လျောမှုမရှိဘူးဆိုရင်တော့၊ အတင်းအလျော့မရှိဘူး ဆိုရင်တော့ ဆွေး နွေးတာလည်း အဖြေရမှာ မဟုတ်ဘူး။

မေး – RCSS နဲ့ ဘယ်လိုမျိုး ဆက်သွယ်ပြောဆိုထားလဲ။

ဖြေ – အခုက စာတိုနဲ့ပေါ့။ စာတိုနဲ့ပို့ထားတာရှိတယ်။ အခုသူတို့ကို ပြောတာကတော့ ဒီကားလမ်းပေါ့။ ခိုလမ်၊ နမ့် စန် ကားလမ်း၊ နောက်ပြီး တားကောပေါ့။ ပြည်ထောင်စုကားလမ်းပေါ့။ ပြောရမယ်ဆိုလို့ရှိရင် တောင်ကြီးကနေ သွားတဲ့ ဒီတာချီလိတ်-ယိုးဒယား အထိဆက်သွယ်တဲ့ ကားလမ်းကို အဓိကပေါ့။ အဲဒီကားလမ်းကို သူတို့က တောင် ခြမ်းဘက်မှာ နေပါ။ ဒီဖက် ကျနော်တို့က ပိုင်းခြားပြီးတော့ ဟိုဘက်၊ ဒီဘက် နေရအောင်၊ ပြဿနာ မဖြစ်အောင် အဓိက ညှိနှိုင်းထားတာရှိတယ်။ RCSS ဘက်ကလည်း အချိန်ဆွဲပြီးတော့ ဒီနေ့အထိ အကြောင်း မပြန်သေးဘူး ပေါ့နော်။ အဲလိုမျိုးတွေဖြစ်နေတယ်။ မပြန်တဲ့အချိန်မှာ ကျနော်တို့က စောင့်ဆိုင်းတဲ့အချိန်မှာ တပ်က ဟိုနေရာ ဆုတ်ပေးပါ၊ ဒီနေရာဆုတ်ပေးပါ။ မဆုတ်ရင် ပစ်မယ်၊ ခတ်မယ် လာမယ် ဘာညာ အဲလိုမျိုး ချိန်းခြောက်တာ ရှိ တယ်ပေါ့။ အဲဒါကတော့ လက်ခံတယ်။ ဘာအကြောင်းမရှိဘူး။

မေး – နောက်တစ်ခုက အခု စစ်ရေးအရ တင်းမာနေတဲ့ ဆနင်းဒေသက RCSS ဒေသလို့ပြောတဲ့ အပေါ်မှာရော ဘယ်လိုပြောလို့ရလဲ။

ဖြေ – အဲဒါကျနော်တို့က ရှမ်းပြည်။ ကျနော်တို့ SSPP ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ အခြေခံပြီးတော့ တည်ထားတာ မဟုတ်ဘူးလေ။ ကျနော်တို့က ဝမ်ဟိုင်းဆိုတာ ဒီရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်ထားတာ ရှိ တယ်။ ပြီးရင် အခုကျနော်ရောက်ရှိနေတဲ့နေရာကလည်း RCSS က တစ်ခါ မြောက်ပိုင်းကနေ ဝင်လာကူးပြီး တော့ ပြဿနာတွေ အများကြီးလုပ်ခဲ့ပြီးတော့ ကျနော်တို့က လိုက်ရှင်း၊ လိုက်ရှင်းပြီးတော့ ရောက်ရှိနေတဲ့ ဥပမာ ဟို ဆနင်းမှာ ဆိုရင် အခုကျနော်တို့ရှိထားတဲ့ စခန်းတွေကို ဒါက RCSS နေခဲ့တဲ့စခန်း၊ RCSS ကနေခဲ့တဲ့စခန်းတွေ ကို ကျနော်တို့က တိုက်ထုတ်ပြီးတော့ ယာယီစခန်းကို အခုက ဗမာစစ်တပ်က ဝင်တယ်ဆိုတော့ သူတို့က အဲဒီ နေရာ မှာ ဝင်ထားတဲ့တစ်ရက် ကျနော်တို့ဆုတ်ပေးလို့ရှိရင် RCSS က လာမနေဘူးဆိုတာ သူတို့က အာမ မခံဘူး။ ပေး နိုင်မှာလားပေါ့။ ဒါတွေက မေးခွန်းထုတ်စရာ ရှိတယ်။ အခုက ကျနော်တို့ သူတို့ကို မလိုလားအပ်တဲ့ ပြဿနာတွေ ကို တပ်မတော်က ဝင်မစွက်ဖက်ဖို့ အထူးတောင်းဆိုတယ်။ အထူးညှိနှိုင်းပြီးတော့ ပြောဆိုချင်တယ်။

မေး – အခု ဒီ RCSS နဲ့ စစ်ကောင်စီ စစ်ကြောင်းဝင်လာတာကရော အဲ့ဒီအပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ – ဘယ်လိုမြင်လဲဆိုတော့ သူတို့က NCA လက်မှတ်ထိုးတာပေါ့။ NCA လက်မှတ်ထိုးပြီး နည်းနည်း မျက်နှာသာ နည်းနည်း ပေးလိုက်ရလေသလားပေါ့နော်။ ဒါနည်းနည်း မေးခွန်းတစ်ခုဖြစ်စေတယ်။ နောက်ပြီး မကြာသေးခင် ကလည်း တော်လှန်ရေးဖြစ်တာတောင်မှ တပ်မတော်က ဝဏ္ဏကျော်ထင်ဘွဲ့တောင်မှ ပေးလိုက်တဲ့ ဗိုလ်မှူး ကြီး ယွတ်စစ်ကိုလေ။ အဲဒါကိုပဲ သုံးသပ်ကြည့်ပေါ့။ ဒါတော်လှန်ရေးဆိုတာက သူ့ရဲ့တိုင်းရေး၊ ပြည်ရေး၊ အမျိုး သားရေးအတွက် လုပ်နေတာလား သို့မဟုတ် တခြားအုပ်စုအတွက် လုပ်နေတာလား။ အဲလိုမျိုး တွေဖြစ်နေတယ်။ ဒါက စဉ်းစားကြည့်ရင် တော်တော် ရယ်စရာကောင်းပါတယ်။ သူတို့ဖြစ်နေတဲ့ပုံက။

မေး – SSPP အနေနဲ့ ဆနင်းအပြင် ရှမ်းပြည်သူလူထုကို လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ရေးတင်းမာနေမှုတွေနဲ့ ပတ်သက်ပြီး တခြားဘာများ ပြောဆိုချင်လဲ။

ဖြေ – ကျနော်တို့ အဲ့ဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေအတွက်များကျတော့ ကျနော်တို့က ထိတွေ့မှုရှိလာရင် လည်း ပြည်သူလူထုကို ကျနော်တို့က ထိနာစေမှာတာမဟုတ်ဘူး။ တိုက်ပွဲတွေလည်း ရွာထဲမှာ ဖြစ်စေမှာ မဟုတ် ဘူး။ ကျနော်တို့ ဒီတခြားအဖွဲ့အစည်းက လာမတိုက်လို့ရှိရင်ပေါ့နော်။ လာတိုက်လို့ရှိရင်လည်း ကျနော်တို့က ကိုယ့် ကိုယ်ကို ကာကွယ်တဲ့သဘောလောက်လေးနဲ့ဘဲ ကျနော်တို့က ကာကွယ်သွားမှာဖြစ်တယ်။ နောက်ပြီး ကျနော်တို့ က စစ်ဆင်ရေးအထူးအနေနဲ့လည်း နယ်မြေ ဟိုထက်၊ အခုရှိနေတဲ့နေရာထက်ကျော်လွန်ပြီးတော့ စစ်ဆင်ဖို့ ကျနော်တို့ စီမံချက်ချထားတာမရှိဘူး။ လောလောဆယ်မှာ ကျနော်တို့ရှိနေတာက ဒီ RCSS ကို ဆွေးန ွေးနိုင်ဖို့ ကျနော်တို့ အချိန်ဆွဲပြီးတော့ ကျနော်တို့က သူတို့ကို ညှိနှိုင်းနေကြတာဖြစ်တယ်။ အချိန်ဖြစ်တယ်ပေါ့ နော်။ အခုက ဒီဖြစ်နေတဲ့ဟာလည်း ပြည်သူလူထုတွေများလည်း ကြောက်လန့်စရာလည်း မလိုပါဘူး။ နောက်ပြီး ကျနော်တို့က ကျနော်တို့ တပ်ဖွဲ့ ရောက်ရှိနေတဲ့ နေရာဒေသအားလုံး ဘယ်နေရာမဆို၊ ဘယ်သူမဆိုပေါ့နော်။ ဒီအတိဒုက္ခ ဖြစ်စေတဲ့၊ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့၊ နောက်ပြီး မတရားတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေ အမျိုးမျိုးပေါ့နော် ပြည်သူလူထုအပေါ် ရှိလာရင် တိုင်ကြားလို့ရပါတယ် ဆိုတဲ့ဟာလိုမျိုး ကျနော် ပြောချင်ပါ တယ်။ နောက်ပြီး စစ်ဖြစ်လာရင်လည်း ပြည်သူလူထုနဲ့ အပြစ်မရှိအောင်ပေါ့နော်။ ဆူးမရှိအောင်ပေါ့နော်။ ကျနော် တို့ ရှောင်ရှားပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။

မေး – နောက်တစ်ခုက အခုစစ်ကောင်စီက SSPP ကို တပ်ဆုတ်ခိုင်းတဲ့အပေါ် ဘာတွေ ဘယ်လို ဆက်လုပ်သွားမှာလဲ။

ဖြေ – အဲဒါကလည်း လုံးဝမဆုတ်နိုင်ဘူးလည်း ကျနော်တို့က မပြောလိုသေးဘူးပေါ့နော်။ ဒါ လုံးဝဆုတ်မယ်ဆို တာလည်း မဟုတ်သေးဘူး။ ဆုတ်မယ်၊ မဆုတ်ဘူးဆိုတာက RCSS နဲ့ ကျနော်တို့ အဖွဲ့ နှစ်ဦးနှစ်ဖွဲ့က ဒီနယ်နိ မိတ်မျဉ်း မပိုင်းခြားနိုင်သမျှတော့ ကျနော်တို့ ဆုတ်မှာ မဟုတ်ဘူး။

မေး – တခြား ဘာများ ဖြည့်စွက်ပြောဖို့ ရှိဦးမလဲ။

ဖြေ – အဲဒါကတော့ ကျနော်တို့က ပြောချင်တာက အခုဖြစ်ပျက်နေတဲ့ပြဿနာက ကျနော် တို့ SSPP နဲ့ RCSS ရဲ့ပြဿနာ ဖြစ်တယ်။ တခြား မလိုအပ်တဲ့အဖွဲ့အစည်းတွေ၊ တပ်မတော်အပါအဝင်ပေါ့။ တခြားပြည်သူ့စစ်တွေ အပါအဝင် ရော မပါဖို့၊ နောက်ပြီး ပါပြီးတော့ ဝင်မစွက်ဖက်ဖို့ အဲဒါပြောချင်တယ်။ အဲဒါပါ ပြီးတော့ စွက်ဖက်တာတို့ဆိုရင် မလိုလားအပ်တဲ့ဆိုးကျိုးများလည်း ဖြစ်လာမယ်လို့ ကျနော်တို့က ပြောချင်တယ် သူတို့ကို။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here