ကချင် – စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုအား အင်းတော် PDF ဝင်တိုက်၊ စကစဘက်မှ ၄ ဦးသေ

0
127

၅ ဧပြီ ၂၀၂၂

စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် နန့်စီးအောင်လမ်းပိုင်းအသုံးပြုခဟုဆိုကာ ကားသမားများထံ ငွေကြေးကောက်ခံနေသော အင်းတော်မြို့နယ် စစ်ကောင်စီစစ်ဆေးရေး ဂိတ်နှစ်ခုကို အင်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ ရက်နေ့ ညပိုင်းက အင်းတော်-နန့်စီးအောင်ကြား နတ်မဟုတ်ကြီး ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ် ၂ ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ KNG သတင်းဌာနသို့ ပြောသည်။

“အင်းတော်နယ်ထဲမှာကို လေးခုလောက်ရှိတယ် ဂိတ်တွေက ဆောက်လုပ်ပြီးစတွေရော ဆောက်လုပ်စတွေကောရှိတယ်။ လာသမျှ ကုန်ကားတွေဆီက ငွေတွေ လိုက်တောင်းနေတာ အဲ့ထဲက ဂိတ်နှစ်ခုကို တိုက ခိုက်ခဲ့ပါတယ်။ သေဆုံးတာက လေးယောက်ပါ တချို့က ထွက်ပြေးသွားတယ် ပြန်လည် ခုခံလာတော့ နောက်ဆုတ်လိုက်တယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် အလားတူငွေကြေးကောက်ခံနေသော ဂိတ် ၄ ခုခန့်ရှိနေသည့်အပြင် ဂိတ်ထပ်မံတိုးချဲ့ရန်လည်း ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဂိတ်များတွင် စစ်ကောင်စီတပ်သားနှင့် ရဲများကို အင်အားချထားကာ ကုန်ကားများထံမှ ငွေတောင်းခံမှုပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ခု သွားရောက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီစစ်ဆေးရေဂိတ်များအား သွားရောက်တိုက်ခိုက်မှုမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော PDF တပ်ဖွဲ့များမှ စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ကချင် စစ်ကိုင်းအစပ်တွင် ဖျက်စီးမှုများပြုလုပ်ခဲ့သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here