KNLA ဗဟိုဆေးဌာနမှ ဆေးတပ်သား တစ်ရာကျော် သင်တန်းဆင်း

0
316

၁၁ ဇန်နဝါရီ ၂၀၂၂

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို ဆေးဌာနမှ (၃၄) ကြိမ်မြောက် ဖွင့်လှစ်ပေးလိုက်သည့် အခြေခံ ဆေးသင်တန်းတွင် ဆေးတပ်သား တစ်ရာကျော်ကို ယနေ့ သင်တန်းပြီးစီးကြောင်း ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ခု ကိုယ်စားပြု သင်တန်းသားများအပြင် တခြားသော မဟာမိတ် သင်တန်းသားများနှင့် နယ်စပ်အခြေစိုက် ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းများမှ သင်တန်းသားများအပါအဝင် သင်တန်းသူ၊ သင်တန်းသားပေါင်း (၁၁၆) ဦးကို ယနေ့ KNLA ဌာနာချုပ်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

၆ လကြာသင်ကြားပေးခဲ့သည့် အဆိုးပါအခြေခံ သင်တန်းတွင် အခြေခံ စစ်ပညာအပါအဝင် ခန္ဓာဗေဒ၊ သူနာပြုစု နည်း၊ သားဖွား၊ လူထုကျန်းမာရေး၊ ရှေ့ဦးသူနာပြု၊ မျက်လုံးပြုစုနည်း၊ ဆေးဝါးကျွမ်းကျင်မှု စသည့်ဘာသာရပ် များကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။

ယနေ့ ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲသို့ KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA ဗဟိုစစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်း၊ ဖားအံခရိုင်ဥက္ကဌ ပဒို စောအောင်မော်အေး၊ သင်တန်းဥက္ကဌ ဗိုလ်မှူးကြီး နော်စေးဒေးကဲအပါအဝင် သင်ဆိုင်ရာ သင်တန်းဆရာများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကျန်းမာရေးဝန်ကြီးနှင့် ကျန်းမာရေးတာဝန်ရှိသူတချို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

ယခင်ဖွင့်လှစ်ခဲ့သည့် အဆိုပါ အခြေခံဆေးသင်တန်းများတွင် ကရင်အပါအဝင် အခြားသော တိုင်းရင်းသားများပါ ပါဝင်တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် အာဏာသိမ်းမှု များကြောင့် အခြာသော တိုင်းရင်းသားများပါဝင်နိုင်ခြင်းမရှိကြောင်းလည်းတာဝန်ရှိသူများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် (၃၃) ကြိမ်မြောက် သင်တန်းတွင် ကရင်အပါအဝင် တိုင်းရင်းသား မဟာမိတ်များပါဝင်၍ သင်တန်းသား (၅၄) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခင်သင်တန်းများထက်စာလျှင် ယခုနှစ် ဖွင့်လှစ်သည့် (၃၄) ကြိမ်မြောက် သင်တန်းတွင် ဆေးတပ်သား အများဆုံး မွေးထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here