ကိုဗစ်ကာလအတွင်း ရခိုင်စစ်ဘေးရှောင်စခန်းတချို့ စားနပ်ရိက္ခာပြတ်လပ်နေ

0
227

၉ သြဂုတ် ၂၀၂၁

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုရှိလာသြဖင့် စစ်ဘေးရှောင် များမှာ စိုးရိမ်မှုများရှိနေကြသလို စားနပ်ရိက္ခာများလည်း ပုံမှန်ထောက်ပံ့မှုမရရှိသည့်အတွက် ရိက္ခာပြတ်လတ် မှုများနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လူဦးရေ ၃၄၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းအနီးက ကျေးရွာအ တွင်းတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးရှိခဲ့သည့်အတွက် စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာကောင်းသည့် အခြေအနေရှိနေသည်။

သို့သော် စစ်ဘေးရှောင်များမှာ ကိုဗစ်အန္တရာယ်ထက် စားရေးသောက်ရေးအတွက် ပိုမိုစိုးရိမ်နေရကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောသည်။

“ကူညီထောက်ပံ့နေတဲ့အဖွဲ့စည်းတွေလည်း ပုံမှန်မရောက်ဘူး။အစိုးရကလည်း ပုံမှန်ထောက်ပံ့တာ မရှိတဲ့အတွက် စစ်ဘေးရှောင်တွေက တော်တော်လေးအခက်အခဲဖြစ်နေတယ်။ရောဂါဖြစ်လို့သေမှာကို ကြောက်မှာထက် ငတ်ပြီးတော့သေမှာကို ကြောက်ရမလိုဖြစ်နေတယ်” ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါကူးစက်မှုများသည် စစ်ဘေးရှောင်စခန်းအထိပျံနှံလာပြီး လက်ရှိတွင် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိလာနေသည်။

ကျောက်တော်မြို့နယ် ၊ဝါးတောင်စစ်ဘေးရှောင်စန်းတွင် စစ်ရှောင်တချို့မှာ နာမကျန်းဖြစ်ခြင်း များရှိနေသည့် အတွက် ငွေကြေးလိုအပ်ချက်များအပါအဝင် စားနပ်ရိက္ခာများလည်းလိုအပ်နေေကြာင်း စခန်းတာဝန်ခံ ဦးစိန်ရွှေ ဘုကဆိုသည်။

“လူကယ်ပြန်က ဆန်တစ်ခုပေးထားတာပဲရှိတယ်။အဲဒါကလည်း ရှေ့လ ဇွန်လအတွက်ကို ဇူလိုင်လမှာ လာပေးတာရှိတယ်။နောက်ထပ်ဘာမှမရေသးဘူး။အခုလအတွက်လည်းမရသေးဘူး။ဒါေပမယ့်အကုန်လုံးက အခက်အခဲဖြစ်နေကြတယ်ဆိုတော့ ဖြစ်သလိုပဲစားသောက်နေရတယ်” ဟု ဦးစိန်ရွှေဘုကပြောသည်။

လူကယ်ပြန်ဌာနမှထောက်ပံ့သည့် စားနပ်ရိက္ခာများကို စစ်ဘေးရှောင်များမှာ ပုံမှန်မရရှိခြင်းနှင့် WFP မှ ထောက်ပံ့မှုမရရှိသည်မှာလည်း (၂)လကျော်အထိကြာမြင့်လာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသည့် နိုင်ငံခြားအဖွဲ့အစည်းများနြေဖင့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်ပြီး လုပ်ဆောင်လျှင် စစ်ဘေးရှောင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ရှုမြင်သည်။

“အခုစစ်ဘေးရှောင်စခန်းတွေနဲ့ မြို့နယ်တွေကလည်းများတယ်ဆိုတော့ နိုင်ငံတကာအဖွဲ့တွေက မနိုင်ဘူးပေါ့။ သူတို့မှာက သွားလာခွင့်တွေကိုလည်း စောင့်ဆိုင်းရတာရှိတယ်။ ဆိုတော့ သူတို့ထမ်းနေရတဲ့ဝန်တွေကို အရပ်ဖက်အဖွဲ့တချို့ကို လွှဲပြောင်းပေးပြီးလုပ်ဆောင်ပေးမယ်ဆိုရင် အခက်အခဲတွေရှိမှာ မဟုတ်ဘူး” ဟု ဦးခိုင်ကောင်းစံက ပြေသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်လည်း တစ်ဖွဲ့တည်းမဟုတ်ဘဲ မြို့နယ်တစ်ခုအလိုက် အဖွဲ့အစည်းတစ်ခုစီနှင့် ချိတ် ဆက်လုပ်ဆောင်မည်ဆိုပါက လွယ်ကူမြန်ဆန်ပြီး စစ်ဘေးရှောင်များ၏ အခက်အခဲကိုဖြေရှင်းနိုင်ဖြစ်ေကြာင်း ဦးခိုင်ကောင်စံက ဆက်လက်ပြောသည်။

လက်ရှိအခြေအနေအရ ဘဏ်များမှ ငွေထုတ်ရာတွင် အချိန်ကြန့်ကြာမှုများ၊ အခက်အခဲတချို့ရှိနေ သည့်အတွက် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများပုံမှန်မထောက်ပံ့နိုင်ခြင်းဖြစ်သော်လည်း စစ်ရှောင်စခန်းများတွင် ရိက္ခာများမပြတ်တောက်အောင် စီစဉ်ထားကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၈၅ ဦးရှိပြီး ပိုးတွေ့လူနာစုစုပေါင်းမှာ ၃၂၄၆ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၈ ရက်နေ့စာရင်းအရသိရသည်။

 

ရခိုင်ပြည်နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်တစ်သိန်းကျာ်မှာ စစ်ဘေးအပြင် လက်ရှိကိုဗစ် ဒဏ်ကိုပါကြုံတွေ့နေကြရသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here