ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

0
275

ဖက်ဒရယ် ပြည်ထောင်စု၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို အဓိကဆွေးနွေးမည့် စည်း လုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ ဂရင်းဟေးဟိုတယ်၌ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့နံနက်ပိုင်းတွင် စတင်ကျင်းခဲ့သည်။

UNA အနေဖြင့် ယခု ၂၀၁၉ ခုနှစ်အတွင်း ကာလရှည်ကြာရပ်ဆိုင်းနေသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး ကိစ္စ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များ တစ်ခုပြီး တစ်ခု ပေါ် ပေါက်လာသည့်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးရန် အချိန်တန်ပြီးဟုယူဆကာ ယခုလို နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းဖြစ်သည်ဟု UNA အတွင်းရေးမှူး အဖွဲ့က ပြောသည်။

“အဓိကအားဖြင့် မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ကျနော်တို့တတွေ၊ ဒီမှာ တက်ရောက် လာတဲ့ အဖွဲ့အစည်းတွေ၊ ဘယ်ပုံဘယ်နည်း ရင်ဆိုင်ကျော်လွှားသင့်သလဲဆိုတာကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရဲ့ အမြင်တွေ အယူအဆတွေကို ဒီနေ့ ဒီနှီးနှောဖလှယ်ပွဲမှာ ထုတ်ဖော်ပြောကြား ရှင်းလင်းတင်ပြခွင့်ရစေဖို့ လမ်းဖွင့် စီစဉ်ပေး ခြင်းဖြစ်ပါတယ်”ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ စိုင်းညွန့်လွင်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ခွင့်မရှိသူများ၏ အသံကို ထုတ်ဖော်ခွင့်ရရန်ရည်ရွယ်သလို လူမှုအဖွဲ့အစည်း များ၏ အသံကို ထုတ်ဖော်နိုင်ရန် လမ်းဖွင့်ပေးခြင်းဖြစ်ကာ နှီးနှောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအကြပ်အတည်း ပြဿနာ များကို အဖွဲ့အစည်းတစ်ခု ပုဂ္ဂိုလ်တစ်ဦးအကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံး အကျိုးစီးပွားကိုသာ အလေးထားဆွေး နွေးရန် စိုင်းညွန့်လွင်က တိုက်တွန်းပြောဆိုသည်။

ထို့အပြင် ဆွေးနွေးရာတွင် အပြုသဘော ဝေဖန်သုံးသပ်မှုများ ရှိနိုင်ပြီး မည်သည့် အဖွဲ့အစည်းကိုမျှ ပြစ်တင် ရှုတ်ချခြင်း မ ဟုတ်သလို ထောက်ခံခြင်းလည်း မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားလိုကြောင်း အခမ်းအနားကျင်းပရေး တာဝန်ရှိသူများက ပြောသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို ဖေဖေါ်ဝါရီ ၂၆ ရက်မှ ၂၇ ရက်နေ့ထိ နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် ကရင်အမျိုးသားပါတီ(KNP) အပါအဝင် အဖွဲ့ဝင်တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။ ၎င်းအပြင် UNA နှင့် မိတ်ဖက် နိုင်ငံရေးပါတီများဖြစ်သည့် ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စသည့် ပါတီများ၊ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပေါင်းကူးအဖွဲ့၊ ကရင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်စသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် ၁၀၀ ဦးခန့် တက်ရောက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

UNA အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် တတိယအကြိမ် နှီးနှောဖလှယ်ပွဲကို ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီတွင် ကျင်းခဲ့ပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်ကျင်းပခြင်း၊ ၂၀၁၆ ခုနှစ် အစိုးရ သစ်လက်ထက်တွင် ၂၁ ရာစုပင်လုံ အစည်းအဝေးများ ဆက်ကျင်းပခဲ့ခြင်းတို့ကြောင့် စင်ပြိုင်ဆွေးနွေးပွဲ သဘောမျိုးဖြစ်မည်စိုးသည့်အတွက် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းကို ရပ်ဆိုင်းထားသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေအရ လေးကြိမ်မြောက်နှီး နှောဖလှယ်ပွဲကို ပြန်ကျင်းပခြင်းဖြစ်သည်ဟု UNA တာဝန်ရှိသူများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here