ယခုလအတွင်း KNU နှင့် တပ်မတော် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဟုဆို

0
215

KNU-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်ရှိ နယ်မြေအချို့တွင် ယခုနှစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်း KNLA တပ်ဖွဲ့ဝင် များနှင့် မြန်မာ့တပ်မတော်တို့အကြား ထိတွေ့ ပစ်ခတ်မှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNLA တပ်မဟာ ၅ တာဝန်ရှိသူများက ပြောဆို သည်။

အဆိုပါထိတွေ့ပစ်ခတ်မှုများမှာ ဇန်ဝါရီလ ၅ရက်နေ့တွင် တစ်ကြိမ်နှင့် ၁၃ရက်နေ့တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်မှတ် နယ်မြေထက် ကျူးကျော်ဝင်ရောက်မှုကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၅ ရုံးထိုင်မှူး ဗိုလ်မှူးစောက လယ်ဒို့က ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ရပ်တည်ချက်က KNU ရဲ့သတ်မှတ်ထားတဲ့ နယ်မြေအတိုင်း သွားချင်တယ်။ ၂၀၁၉အစမှာ ဖြစ်လာတဲ့ တင်းမာမှုတွေက သတ်မှတ်ထားတဲ့ နယ်မြေကို မလိုက်နာဘဲ ကျူးကျော်ဝင်ရောက်တဲ့အတွက်ကြောင့် ဖြစ်တယ်။ တစ်လအ တွင်းမှာ အခုထိ ၂ကြိမ်ဖြစ်တယ်။ သူတို့ဘက်က နယ်မြေကျူးကျော်သွားလာတော့ မိုင်းထိဒဏ်ရာ ပိုရများလာတယ်။ အဲဒါ ကြောင့် ကျနော်တို့နဲ့ တင်းမာမှုတွေ ပဋိပက္ခတွေ ပိုဖြစ်လာတယ်။”ဟု ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ယခုလအတွင်းဖြစ်ပွားသည့် ပစ်ခတ်တိုက်ခတ်မှုများမှာ KNU ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ လယ်မူပလောနှင့် စော်မူပ လောအကြား လယ်ဒိုထီးနေရာတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်အထိ နှစ်ဖက်ထိခိုက်မှုနှင့်အတူ မြန်မာ့တပ်မတော်ဘက်က တပ်ရင်းအမည်များကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း KNLA တပ်မဟာ ၅ဘက်က ပြော ဆိုသည်။

KNU ဖာပွန်ခရိုင်အတွင်းရှိ KNLA တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား ယခုလ ဖြစ်ပွားခဲ့သည့် ထိတွေ့မှုများနှင့် ပတ် သက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် မတ်လက မြန်မာ့တပ်မတော်ဘက်မှ KNU ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောအုပ်စု ခလိုခလော ခီးနေရာတွင် ဝင်ရောက်ပြီး လမ်းဖောက်လုပ်မှုများမှ အစပြုကာ နှစ်ဖက် မကျေလည်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းဒေသအ တွင်းရှိ KNLA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here