3 ဇူလိုင် 2024 /

See today's Peace Related News

“ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူမဆန်သည့် သတ်ဖြတ်မှုအပါအဝင် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေပြီး ၎င်းကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိရမည်ဟု…”

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong တို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ဆုံခဲ့စဉ်။
Ministry of Foreign Affairs – Myanmar – NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအနေဖြင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ဩစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာတွင် ဇွန်လ ၄ ရက်က တွေ့ဆုံခဲ့ကြပါသည်။ ဒေါ်ဇင်မာအောင်က လူ့အခွင့်အရေး အကာအကွယ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှု ဖော်ဆောင်မြှင့်တင်နိုင်ရန် နိုင်ငံတကာအကူအညီများ အရေးတကြီးလိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 1

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဂရီလာဒိုင်ယာလော့ခ်ဆွေးနွေးပွဲတွင် အာရှပစိဖိတ်ဒေသ၊ မြောက်အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံမှ ကိုယ်စားပြုအနေဖြင့် တက်ရောက်သူမရှိခဲ့သော်လည်း “ငြိမ်းချမ်းရေးအတွက် ကွဲပြားခြားနားတဲ့ အမြင်တွေကြားက သံတမန်ရေးအတွက် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် မြန်မာအရေး သီးသန့်ဆွေးနွေးပွဲတစ်ခုကို မေလ ၃၁ ရက်တွင် ထည့်သွင်းပြုလုပ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် အာရှပစိဖိတ်ဒေသတစ်ခုလုံး လုံခြုံအေးချမ်းပြီး ဖွံ့ဖြိုးစည်ပင်ရန်အတွက် မြန်မာနိုင်ငံအကျပ်အတည်းအား ဖြေရှင်းနိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ဖြေရှင်းနိုင်ရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး စိတ်ပျက်မှုများ၊ မြန်မာပြည်သူများ၏ အကျိုးကို ရှေ့ရှု၍ မြန်မာနိုင်ငံအရေးကို ဆက်ပြီး ဆောင်ရွက်နေကြရကြောင်းနှင့် မြန်မာနိုင်ငံပြဿနာကို မြန်မာပြည်သူများကသာ ဖြေရှင်းရမည်ဖြစ်ပြီး အာဆီယံနှင့် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံး တွေ့ဆုံနွေးဆွေးပြီး ဖြေရှင်းနိုင်သည့် အခြေအနေဖြစ်လာအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ကိုလည်း တက်ရောက်ခဲ့သူများက အသီးသီးဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ 2

အာဆီယံနိုင်ငံများအနက် စစ်တပ်အာဏာသိမ်းခြင်းကို ပြင်းထန်စွာကန့်ကွက်ထားသည့် မလေးရှားနိုင်ငံသို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက အလည်အပတ်ရောက်ရှိနေပြီး ဇွန်လ ၄ ရက်တွင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုတွင် မလေးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာချိန်တွင် မြန်မာ့အရေးဖြေရှင်းနိုင်ရန် အရေးကြီးကြောင်းနှင့် နိုင်ငံတကာမှ မြန်မာ့အရေးဖြေရှင်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် မလေးရှားနိုင်ငံ၏ ဦးဆောင်မှုသည် အဓိကကျကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသည်။ 3

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူမဆန်သည့် သတ်ဖြတ်မှုအပါအဝင် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေပြီး ၎င်းကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိရမည်ဟု ဇွန်လ ၄ ရက်က ထုတ်ပြန်ခဲ့ပါသည်။ 4

1 လူသားချင်းစာနာမှု အကူအညီပေးရေး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG ဆွေးနွေး
2 ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ မြန်မာ့အရေးဆွေးနွေး
3 မြန်မာ့အရေးဖြေရှင်းဖို့ မလေးရှားရဲ့ ဦးဆောင်မှုအရေးကြီး
4 အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ ဗြိတိန်ထုတ်ပြန်

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA