3 ဇူလိုင် 2024 /

See today's Peace Related News

“ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်း အဆင့်…”

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ Insecurity Insight သုတေသနအဖွဲ့မှ မြန်မာနိုင်ငံအား ကမ္ဘာတွင် ဒုတိယမြောက် ကျန်းမာရေးကဏ္ဍ ထိခိုက်မှုအများဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါသည်။ Insecurity Insight သုတေသနအဖွဲ့မှကောက်ယူ ရရှိထားသောစာရင်းအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း ဆေးရုံ၊ ဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှု ၁၃၀ဝ နီးပါးရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ စာရင်းအရ ဆေးရုံဆေးခန်း ၃၄၈ ခု ဖျက်ဆီးခံခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်းများအနက် ၁၁၈ ဦး သတ်ဖြတ်ခံခဲ့ရကာ ၁၃၃ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားပါသည်။ 1

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ၂ဝ၂၄ အညွှန်းကိန်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအနေဖြင့် သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံတွင် ဆက်လက်ပါဝင်နေသည်ဟု ဖော်ပြထားပါသည်။ မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် အဆိုပါအညွှန်းကိန်းအား ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ ထဲတွင် မြန်မာနိုင်ငံက အဆင့် ၁၇၁ တွင် ရပ်တည်နေသည်ကို တွေ့ရှိရပါသည်။ 2

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှုနှင့် ဝါရှင်တန်ဒီစီအခြေစိုက် ဂျော့တောင်းတက္ကသိုလ်တို့မှ အမျိုးသမီးများ၏ ပါဝင်မှု၊ တရားမျှတမှုနှင့် လုံခြုံရေးတို့ကို တိုင်းတာတွက်ချက်ထားသော ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်း အဆင့် (The Global Women’s Peace and Security Index- WPS Index) ၌ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း အောက်ဆုံးအဆင့်တွင်ရှိနေသည်ကို တွေ့ရှိရပါသည်။ ၎င်းအညွှန်းကိန်းကို ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀မှ အမျိုးသမီးများ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာစည်းမျဉ်းများမှ အကြမ်းဖက်မှုနှင့် ဘေးကင်းရေးအမြင်များအထိ သုတေသီများမှ ကျယ်ကျယ်ပြန့်ပြန့် စုစည်းထားခြင်းဖြစ်ပါသည်။

အာဆီယံနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံသည် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် ထိပ်တန်း ၅ နိုင်ငံအဖြစ် ရပ်တည်နေကြပါသည်။ 3

မေလ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) မှ ထုတ်ပြန်သည့် ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားစွာချိုးဖောက်နေခြင်းကြောင့် အထူးစိုးရိမ်ရသည့် နိုင်ငံ ၁၇ ခုအနက် တစ်နိုင်ငံအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ 4

1 ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွင် မြန်မာ ဒုတိယအဆိုးဆုံးဖြစ်
2 သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်၊ မြန်မာပြည်ဆိုင်ရာသတင်းများ လူ့အခွင့်အရေးသတင်းဆု ဆွတ်ခူး
3 အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအညွှန်းကိန်း အာဆီယံတွင် မြန်မာကအောက်ဆုံး၌ ရှိနေ
4 ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေမှာ မြန်မာပါဝင်

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA