3 ဇူလိုင် 2024 /

See today's Peace Related News

KIO/KIA နှင့် နိုင်ငံရေးအရ မသိကိန်းများ – အမှတ် ၁၄၄

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သည် ကချင်ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း (၈၀) နီးပါးကို နှစ်လတာအတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်တည်ထောင်လာခဲ့သည့် KIO/KIA ၏ တော်လှန်ရေးခရီးလမ်းသည် အနိမ့်အမြင့်၊ အတက်အဆင်းများခဲ့သည်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်၊ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုမှစပြီး ၂၀၁၃ ခုနှစ်အထိ KIO/KIA ၏ ထိုးစစ်လှုပ်ရှားမှုများကို မြင်တွေ့ခဲ့ရသော်လည်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၀ ပြည့်နှစ်အတွင်း KIO/KIA သည် ထိုးစစ်လှုပ်ရှားမှုအားလုံးကို ရပ်တန့်ကာ စစ်ရေးအရ ခံစစ်နည်းဗျူဟာကို ပြောင်းလဲအသုံးပြုလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုကိုမူ KIO/KIA အနေဖြင့် “အဓမ္မမှု” ဟုမှတ်ယူပြီး “ဓမ္မ” ဘက်တွင်သာ ရပ်တည်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း “ဓမ္မနှင့် အဓမ္မ၊ အမှန်နှင့် အမှား” ကို ခွဲခြားသိ မြင်ကြရမည်ဖြစ်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆော်သြခဲ့သည်။ စစ်အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူများအား အကြမ်းဖက်ခြင်းမပြုရန်လည်း အာဏာသိမ်းစစ်အုပ်စုအား KIO/KIA က သတိပေးခဲ့သည်။ ထိုအချိန်မှစပြီး အာဏာသိမ်းစစ်အုပ်စုအပေါ် KIO/KIA ၏ စစ်ရေးအရ ထိုးစစ်ဆင်လှုပ်ရှားမှုများကို စတင်မြင်တွေ့လာခဲ့ရပါသည်။ သို့သော် နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း KIO/KIA ၏ အခန်းကဏ္ဍနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများကိုမူ ပြတ်ပြတ်ထင်ထင် မြင်တွေ့ရခြင်းမရှိသေးသည်က အလွန်ထူးခြားနေပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေးကာလတလျှောက် KIO/KIA ၏ စစ်ရေးအရ ထိုးစစ်ဆင်လှုပ်ရှားမှုများနှင့် နိုင်ငံရေးအရ မသိကိန်းများကို လက်လှမ်းမီသမျှ ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA