BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက် မှ ၂၀၂၄ ခုနှစ်၊ မတ်လ၊ ၁၂ ရက်အထိ နှစ်ပတ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF/LDF) များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) များအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၇၅ ခု ရှိခဲ့ပါသည်။ တိုင်းနှင့်ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ကချင်ပြည်နယ်သည် တိုက်ပွဲဖြစ်ပွားမှု ၂၁ ခုအထိရှိပြီး တိုက်ပွဲဖြစ်ပွားမူ အများဆုံးဒေသအဖြစ် တွေ့ရှိရသည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၄၂၅၉ ခုအထိ ရှိခဲ့ပါသည်။ မိမိတို့အနေဖြင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ကောက်ယူမှတ်တမ်းပြုရာတွင် မြို့နယ်အလိုက် တစ်ရက်ကို ဖြစ်စဥ်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက် ပိုမိုများပြားနိုင်ပါသည်။