4 မေ 2024 /

See today's Peace Related News

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်)

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်) – (NSCN-K)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ ဇန်နဝါရီ ၁၉၈၀

ရုံးချုပ် – တဂါးနယ်မြေ ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း

လှုပ်ရှားရာ နယ်မြေ – လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး

အင်အား – ၅၀ဝ အောက်

ဥက္ကဋ္ဌ – အက်စ်အက်စ်ကပ်ပလန်

ဒု-ဥက္ကဋ္ဌ

အတွင်းရေးမှူး – ဒါလီမန်းဂရူးဆို

စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် အခြေစိုက်ကာ ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) သည် ၁၉၈၈ ခုနှစ်တွင် နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ NSCN-K သည် ၎င်းနှစ်ဖွဲ့အနက်မှ လဟယ်၊ လေရှီး၊ ခန္တီးနှင့် နန်းယွန်းဒေသတို့ အခြေစိုက်လှုပ်ရှားသော အဖွဲ့ဖြစ်ကာ SS Kaplan က ဦးဆောင်သည်။ ကျန်တစ်ဖွဲ့ကမူ NSCN-IM အမည်ဖြင့် အိန္ဒိယနိုင်ငံထဲတွင် အခြေစိုက် Isak Chisi Swu က ဦးဆောင်သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ NSCN-K လှုပ်ရှားရာ လဟယ်၊ လေရှီးနှင့် နန်းယွန်းဒေသတို့ကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင်တော့ ဦးသိန်းစိန်အစိုးရနှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦး‌ဆောင်သည့် အစိုးရလက်ထက်၊ ၂၁ ရာစုပင်လုံငြိမ်းချမ်း ရေးညီလာခံသို့ လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု အချို့ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင်တော့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်၊ ခန္တီးဗျူဟာ တပ်ရင်း ခြောက်ခုမှ အင်အား ၄၀ဝ ခန့်သည် NSCN-K ဌာနချုပ်ရှိရာ တဂါးနယ်မြေကို ဝင်ရောက် နေရာယူခဲ့သည့်အတွက် တပ် ပြန်လည်ရုပ်သိမ်းပေးရန် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ NSCN-K မှ စာပေးပို့ မေတ္တာရပ်ခံခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင်တော့ အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးထားသော ငြိမ်းချမ်းရေးစာချုပ် ချိုးဖောက်သည်ဟု စွပ်စွဲကာ အရေးယူသွားမည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

NSCN-K အနေဖြင့်တော့ ငြိမ်းချမ်း‌ရေးစာချုပ်ပါ အချက်ငါးချက်ကို ထုတ်ပြန်ကာ တပ်မတော်၏ ရန်လိုသည့် အပြုအမူများသည် အစိုးရ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအပေါ် ရှုပ်ထွေးစေနိုင်ကြောင်း ၂၀၁၉ ခုနှစ် မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း NSCN-K ၏ လှုပ်ရှားမှုကို မမြင်တွေ့ရသော်လည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အဓိကထောက်တိုင်များအား နွေဦးတော်လှန်ရေးကာလအတွင်း ထွက်ပေါ်လာသည့် နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးမှုများ ရှိနေပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၁၂) ဖွဲ့မြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
အဆင့် ၁-ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဧပြီ ၉ ၊ ၂၀၁၂)
အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် ပဋိပက္ခဖြစ်ပွားမှုများ-မရှိ။
တရားဝင်ကိုယ်စားပြုအဖွဲ့ – မရှိ။

ခေါင်းဆောင်များ
ဥက္ကဋ္ဌ – အက်စ်အက်စ်ကပ်ပလန်
အတွင်းရေးမှူး – ဒါလီမန် ဂါယူအို
စစ်ဦးစီးချုပ် – ခိုလီခွန်းရက်

ဆက်ဆံရေးရုံးများ
ခန္တီး၊ စစ်ကိုင်းတိုင်း

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA