3 ဇူလိုင် 2024 /

See today's Peace Related News

နေရပ်ပြန်ပို့ခံရသော မြန်မာ ၃၈ ဦးတို့တွင် ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၀ ဦးတို့ ပါဝင်ခဲ့…

ဇွန်လ ၁၁ ရက်က စစ်ကောင်စီထံ တရုတ်အစိုးရ ပေးအပ်လိုက်သည့် ကင်းလှည့်ရေယာဉ်ခြောက်စီးအနက် တစီးအားတွေ့ရစဉ် Photo – Chinese Embassy in Myanmar

ဇွန်လ ၁၁ ရက်တွင် တရုတ်အစိုးရမှ စစ်ကောင်စီထံသို့ ကင်းလှည့်ရေယာဉ် ၆ စီးအား လွှဲပြောင်းပေးခဲ့ပါသည်။ ထိုရေယာဉ်များသည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရားဝင်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါသည်။ 1

တရုတ်သံရုံးမှ အရာရှိ ၈ ဦးခန့်သည် ဇွန်လ ၈ ရက်က ရန်ကုန်မှ ကျောက်ဖြူသို့ လေယာဉ်ဖြင့်ရောက်ရှိလာပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပါအဝင် တရုတ်စီမံကိန်းများ ထိခိုက်မှုအခြေအနေကို လာရောက်စစ်ဆေးခဲ့ကြပါသည်။ တရုတ်နိုင်ငံသည် ရခိုင်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်သွားရန် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးပွဲများကို တောက်လျှောက် ကြားဝင်ညှိနှိုင်းပေးနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ 2

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ရောက်ရှိနေကြသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအား တရားဝင်နေထိုင်ပြီး အလုပ်လုပ်ခွင့်ရရန် ပန်းရောင်ကတ်များ ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ဇွန်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

တဖက်တွင်လည်း ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် အထောက်အထားမရှိသော မြန်မာနိုင်ငံသား ၃,၆၀ဝ ခန့်အား ပြီးခဲ့သည့် သုံးလကျော်အတွင်းက ဖမ်းဆီးခဲ့ပါသည်။ 3

ဇွန်လ ၁၀ ရက်ကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရှိ စစ်ရှောင်ကူညီရေးနှင့် တော်လှန်ရေးထောက်ပို့လုပ်ငန်းများ လုပ်ဆောင်နေသည့် နွေဦးတမာန်တော်လှန်ရေး ထောက်ပို့ရုံးအား ထိုင်းအာဏာပိုင်များနှင့် ကျေးရွာတာဝန်ရှိသူများမှ ဝင်ရောက်စီးနင်းခဲ့ကြပါသည်။ 4

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်တွင် ထိန်းသိမ်းခံရသည့် တရားဝင် နေထိုင်ခွင့်အထောက်အထားမရှိသော မြန်မာနိုင်ငံသား ၃၈ ဦးအား ဇွန်လ ၁၁ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ နေရပ်ပြန်ပို့ခံရသော မြန်မာ ၃၈ ဦးတို့တွင် ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၀ ဦးတို့ ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး၊ စစ်ဘေးရှောင်များလည်း ပါဝင်ခဲ့ပါသည်။ 5

ထို့ပြင် အင်ဖားထောင်အတွင်း မြန်မာစစ်ဘေးရှောင်များအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသူများ ကျန်ရှိနေသေးပါသည်။ ထိုသူများမှာ ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လွှတ်မပေးသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ဇွန်လ ၁၅ ရက်က ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းကြောင့် အာဏာပိုင်များမှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ ဆန္ဒပြမှုတွင် မြန်မာနိုင်ငံသား ၉၇ ဦးနှင့် နိုင်ငံခြားသား ၂ ဦးပါဝင်ခဲ့ပါသည်။ 6

1 NLD အစိုးရလက်ထက်အဆိုပြုခဲ့သည့် ကင်းလှည့်ရေယာဉ် ၆ စီး စစ်ကောင်စီထံ တရုတ်ပေးအပ်
2 တိုက်ပွဲကြောင့် ရခိုင်ရှိ တရုတ်စီမံကိန်များ၏ ရှေ့အလားအလာကို စစ်ဆေးရန် တရုတ်သံအရာရှိ အဖွဲ့တစ်ဖွဲ့ ကျောက်ဖြူသို့ ရောက်ရှိလာ
3 တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ်ထုတ်ပေးမည်
4 မဲဆောက်မြို့ရှိ နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း
5 မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၃၈ ဦးကို နေရပ်ပြန်ပို့
6 အင်ဖာထိန်းသိမ်းရေးစခန်းမှ အစာငတ်ခံဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွင်းခံရပြီး မြန်မာ ၄ ဦး ဒဏ်ရာရ

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA