မြဝတီမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၃) ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ တပ်ရင်းမှူးအပါဝင် (၉) ဦး သေဆုံးခဲ့ဟုဆို

0
354

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ပိုင်းက စစ်ကောင်စီ တပ်စခန်း (၃) ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါဝင် (၉) ဦး သေဆုံးခဲ့ကြောင်း Federal Wings Drone အဖွဲ့က မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းတို့ကို KNU/ KNLA တပ်ရင်း ၂၀၁၊ KNDO တပ်ရင်း (၈) တို့ဖြင့် ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်း စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ကနဲလေးစခန်းက တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် (၉) ဦး သေဆုံးခဲ့ကြောင်း Federal Wings Drone ကပြောသည်။

ကျန် စခန်း (၂) ခုကို တိုက်ခိုက်မှုခဲ့တွင် ထိခိုက်မှုများနှင့် သေဆုံးမှု စာရင်းအား ပြောဆိုထုတ်ပြန်ထားကြောင်း မတွေ့ရပေ။

အဆိုပါ စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာအား လေကြောင်းအသုံးပြု ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here