တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အများစု နေရပ်မပြန်ရဲသေး

0
191

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲတွင် ပြီးခဲ့သည့် ရက်ပိုင်းကစပြီး တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသော်လည်း စစ်ရှောင်ပြည်သူအများစုမှာ နေရပ်မပြန်ရဲကြောင်း စစ် ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

တနင်္သာရီမြို့နယ်ထဲတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပါသည်။

အဆိုပါတိုက်ပွဲတွေကြောင့် တနင်္သာမြို့နယ် သဲဖြူ ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ ဘန်းလမွတ်၊ ရမ်းဖို့၊ ညောင်ပင်ကုန်း၊ ကမ်းတိုရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၁၅၀၀၀ နီးပါးဟာ ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာ ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲတွေဟာ ယခုရက်ပိုင်းထဲ ပြန်လည်ငြိမ်သက်သွားသော်လည်း စစ်ရှောင်ပြည်သူများအနေနဲ့ကတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်တာကြောင့် နေရပ်ပြန်မရဲကြသေးကြောင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများဟာ ရက်ကြာရှည်လာတာနဲ့အမျှ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အမိုးအကာအပြင် သောက်သုံးရေကအစ လိုအပ်ချက်များ မြင့်မားလာနေတာဖြစ်သည်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသတွင်း သုတေတနအဖွဲ့အစည်းများရဲ့ အချက်အလက်တွေအရ သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here