တနင်္သာရီမြို့နယ်အတွင်း အရပ်သား ၃ ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခဲ့ဟုဆို

0
233

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာနဲ့ ပနပ်ငယ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ ည ၇ နာရီလောက်က ရမ်း ဖိုကျေးရွာထဲဝင်ရောက်လာပြီး အသက် ၃၀ နှစ်အရွယ်ဒေသခံ ကိုပဲ့လန်းကို ဖမ်းဆီးပြီးနောက် သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ပနပ်ငယ်ကျေးရွာထဲ ဝင်ရောက်စဉ် ဆိုင်ကယ်မောင်းလာတဲ့ ဒေသခံလူငယ် ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ပနပ်ငယ်ကျေးရွာ ဒေသခံ ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ လက်ရှိအချိန်အထိစစ်ကောင်စီတပ်စစ်ကြောင်း ဆက်ရှိနေတာကြောင့် သွားမကောက်ရဲကြသေးဘူးလို့ ဒေသခံတွေကထံကနေ သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာထဲတော့ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

Southern Monitor အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၄၀၀ ကျော်သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here