ဖယ်ခုံမြို့နယ်အတွင်း KNDF တပ်ရင်းတစ်ရင်း ထပ်မံတိုးချဲ့

0
132

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ နောက်ထပ် တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၂၂ ကို ထပ်မံတိုးချဲ့လိုက်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တပ်ရင်း ၂၂က ကျနော်တို့ ထပ်တိုးပြီး ဖွဲ့စည်းလိုက်တဲ့ တပ်ရင်းဖြစ်တယ်ပေါ့နော။ အဲဒါက ဒီပင်လောင်းပေါ့နော။ သူက ဒီရှမ်းပြည်နယ်ဘက်ကို နည်းနည်းကျမယ်ပေါ့နော။ အဲဒီဘက်မှာ သူတို့ အခြေချတယ်ပေါ့နော။” လို့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNDF Pekhon Zone လူမှုကွန်ယက်စာမျက်နှာမှာလည်း ဇန်နဝါရီလ ၂၀ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ KNDF တပ်ရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ တပ်ရင်း ၁၁ ဟာ ဖယ်ခုံမြို့၊ တပ်ရင်း ၃ ဟာ မိုးဗြဲမြို့နဲ့ တပ်ရင်း ၂၂ ဟာ ပင်လောင်းမြို့ အခြေစိုက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို KNDF တပ်ရင်း ၂၂ ကို တိုးချဲ့လိုက်တာဟာ ကြာပြီဖြစ်ပြီး အဲဒီဒေသရဲ့ လိုအပ်ချက်အရ ဖွဲ့စည်းတာဖြစ်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ KNDF က KNDF တပ်ရင်းတွေက မြို့နယ်အလိုက် သူ့ရဲ့ ဒေသအလိုက် လိုအပ်ချက်တွေအရ ကျနော်တို့ တပ်ရင်းတွေ ထပ်ဖွဲ့လိုက်တာဖြစ်တယ်ပေါ့နော။ အဓိကကတော့ ဒီတော်လှန်ရေးကို စိတ်ဝင်စားတဲ့လူငယ်တွေ ပိုများလာတယ်။ နောက်တစ်ခုက ဒီတော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ချင်တဲ့သူတွေ များလာတယ်။ အဲလိုကြောင့်မလို့ နောက်ဒေသရဲ့ လိုအပ်ချက်တွေအရ တပ်ရင်းတွေဖွဲ့ဖို့ လိုတဲ့ ဒေသတွေမှာ ထပ်ပြီးတော့ တိုးချဲ့ဖွဲ့တာမျိုးတွေလုပ်တာ ဖြစ်တယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

KNDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ပေါင်းစုထဲက တစ်ခုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အထိ ကရင်နီပြည်က စစ်ကောင်စီတပ်နဲ့ တော်လှန်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ကရင်နီပြည်ထဲမှာ KNDF တပ်ရင်း ၂၂ ရင်းအထိ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here