စစ်ရှောင်အမျိုးသမီး ၅၀၀ နီးပါးကို အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ထောက်ပံ့ပြီး ကလေးငယ် ၂၀၀ ကျော်ကို အာဟာရတိုက်ကျွေး

0
26

ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး( Ponnagyunt Youths Association) က စစ်ဘေးရှောင်အမျိုးသမီး ၅၀၀ နီးပါးကို အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး၊ စစ်ဘေးရှောင် ကလေးငယ် ၂၀၀ ကျော်ကို အဟာရတိုက်ကျွေးခဲ့သည်ဟု သိရသည်။

ထိုသို့ ကူညီထောက်ပံ့မှုကို ဧပြီ ၁၅ ရက် ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်စခန်း ၃ ခု တွင် ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါအဖွဲ့၏ ရခိုင်ဘာသာစကားဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားကို တွေ့ရသည်။

“ပုဏ္ဏားကျွန်းမြို့နယ်အထဲက စစ်ရှောင်စခန်း (၃) ခုက စစ်ရှောင်ကလေးငယ် ၂၅၀ ကျော်ကို စင်ကာပူနိုင်ငံက အလှူရှင်တစ်ဦးရဲ့ မတည်ငွေအပြင် အခြားသောအလှူရှင်တွေ လှူဒါန်းထားတဲ့ငွေတွေနဲ့ အသင်းကနေ အာဟာရဒါန သွားရောက်ကျွေးမွေးခဲ့ကြပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်ရှောင်စခန်း ၂ ခုမှ အမျိုးသမီး ၄၈၂ ဦးအား အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ သည်ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။

“ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်စခန်း ၂ ခုမှာ ရှိနေကြတဲ့ အသက် ၁၂ နှစ် ကနေ အသက် ၄၅ နှစ် ကြား အမျိုးသမီး ၄၈၂ ဦး ၏ကို အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။ ဒီအလှူငွေတွေကို ပြည်တွင်း၊ပြည်ပ အလှူရှင်တွေက စုပေါင်းလှူဒါန်းထားတာဖြစ်ပြီး အသင်းကနေ သွားရောက်ပြီး ထောက်ပံ့ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်မြို့နယ်သည် စစ်ရှောင်အများအပြား ခိုလှုံနေသည့်မြို့နယ်ဖြစ်ပြီး နောက်ထပ်လိုအပ်နေသော နေရာအများကြီးရှိနေသဖြင့် လှူဒါန်းလိုသူများ ထပ်မံလှူဒါန်းနိုင်ရန် အဆိုပါလူငယ်အဖွဲ့ နှိုးဆော်ထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here