မောင်တောတွင် စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြည့်တင်းနေ

0
24
ပုံစာ - စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြိုတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်နေပြီး လုံခြုံရေးကို ပို၍တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် မောင်တောမြိုရှိ စစ်ကောင်စီတပ်မိသားစုများကိုလည်း နေရာပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြောင်း မောင်တောမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။

“မောင်တောမှာရှိတဲ့ တပ်မိသားစုတွေကို တခြားနေရာကို ပြောင်းတယ်။ ဘယ်ကိုပြောင်းလဲတော့ မသိဘူး။ နောက် ကညင်ချောင်းလမ်းကြောင်းကနေ မောင်တောမြိုပေါ်ကို စစ်အင်အား ဖြည့်တင်းပေးနေတယ်။ စစ်အင်အားကို အဓိက စစ်တွေဘက်ကယူပြီးဖြည့်နေတာ” ဟု သူက ပြောသည်။

မောင်တောမြိုနယ်တွင် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်အရှိန်အဟုန်မြှင့်၍ ဝိုင်းရံပိတ်ဆို တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

မောင်တောမြိုခံအများစုသည် မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို တိမ်းရှောင်နေကြပြီး အနည်းစုမှာ အခက်အခဲအမျိုးမျိုးကြောင့် မြိုပေါ်၌ ကျန်ရှိနေခဲ့ကြသည်။

AA သည် စစ်ကောင်စီတပ်စခန်းများနှင့် မြိုများကို တခုပြီးတခု သိမ်းပိုက်နေသဖြင့် နယ်စပ်ကုန်သွယ်မှု အချက်အချာကျရာ မောင်တောမြိုနယ်ကို လက်လွှတ်မဆုံးရှုံးစေရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာ ပြုလုပ်နေသည်ဟု ရှုမြင်ကြသည်။

“AA က မောင်တောခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖိုအတွက် အရှိန်မြင့်ထိုးစစ်ဆင်နေတော့ စစ်ကောင်စီကလည်း ခံစစ်အနေအထားနဲ့ ပြန်လည်ခုခံတိုက်ခိုက်ဖို ပြင်ဆင်မှာပဲ။ AA လက်ထဲကို မြိုတွေ ထပ်ပါမသွားဖိုအတွက် စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေတာလို မြင်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲလေးလကျော်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြိုနယ်တို့ကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော နှင့် အမ်းမြိုနယ်တွင် တိုက်ပွဲပြင်းထန်နေသည်။

မောင်တောမြိုနယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတိုဖြင့် ခုခံတိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မောင်တောမြိုနယ်ရှိ တမန်းသားရဲကင်းစခန်းကို AA က သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချ အညံ့ခံခဲ့ကြသည်။

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်စခန်းကြီးတစ်ခုဖြစ်သော ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကိုလည်း ဧပြီလ ၅ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်ခဲ့သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here