စစ်ရှုံးနေသောစစ်ကောင်စီက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လုပ်ကြံတိုက်ခိုက်နေဟု AA ပြောဆို

0
66
ပုံစာ - စစ်ကောင်စီထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဆိုသော “အမ်ဗွီ-စိန်ပြည့်မင်း" ကုန်တင်သင်္ဘော။ (Photo - cincds)

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးမဲမဲနေသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (ULA/AA) ကို မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ပတ်သက်ကြောင်း စွပ်စွဲပြောဆိုပြီး မဟုတ်မမှန်သတင်းများဖြင့် လုပ်ကြံတိုက်ခိုက်နေသည်ဟု AA က ပြောဆိုလိုက်သည်။

ရန်ကုန် – စစ်တွေ ပြေးဆွဲနေသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောတွင် “ AA ကို ထောက်ပံ့နေသူများ၏ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိသည်” ဆိုသည့်ကိစ္စမှာ စစ်ကောင်စီလုပ်နေကျ နိုင်ငံရေးအောက်လမ်းနည်းဖြင့် လုပ်ကြံတိုက်ခိုက်မှုသာဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“ရခိုင်ပြည်ကို ဆန်တစေ့၊ ဆေးတစ်လုံးတောင် မရောက်ရအောင် စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆိုထားတဲ့အချိန်မှာ သူတို့နယ်လုံဆီက ခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှ ထွက်ခွာခွင့်၊ ပြေးဆွဲခွင့် မရဘူး။ ပြေးဆွဲခွင့်ရတဲ့ သင်္ဘောတွေအားလုံးဟာ သူတို့ကထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်တယ်” ဟု ဦးခိုင်သုခက ၎င်း၏ Telegram Channel တွင် ရေးသားထားသည်။

ဆက်လက်၍ “ဒီလိုအချိန်မှာ စစ်တွေသွားမယ့် သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိမတန်သလို မြေပြင်ပကတိ အခြေအနေနဲ့ လုံးဝကင်းကွာနေတာ တွေ့ရတယ်” ဟု ဦးခိုင်သုခက ၎င်း၏ Telegram Channel တွင် မတ်လ ၂၇ ရက်က ရေးသားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြိုသို့ ပိုဆောင်မည့် ရက္ခိုင့်တပ်တော် (AA) ၏ ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန် – စစ်တွေ ပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောတွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်တွေမြိုမှ AA ထောက်ပံ့ရေးတာဝန်ခံ သန့်ဇင်ဦးက ဘူးသီးတောင် ထောက်ပံ့ရေးတာဝန်ခံ မေယုထွန်းနှင့် ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးများကို ရန်ကုန်မှတဆင့် စစ်တွေ – ဘူးသီးတောင်သို ပို့ဆောင်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

ယင်းနောက် ရန်ကုန်မြို၊ တာမွေမြိုနယ်၊ မေတ္တာညွန့်ရပ်ကွက် စက်မှု (၅) လမ်း၊ အိမ်အမှတ် (၃၀၁) သို့ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးနေသော ထွန်းသိန်းအောင်နှင့် ဇနီးဖြစ်သူ စုမြတ်ဝေ တို့ ၂ ဦး ကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် AA တိုကြား တိုက်ပွဲများသည် ၄ လကျော် ကြာသည့်အထိ ပြင်းထန်နေဆဲဖြစ်သည်။

ရခိုင်စစ်မျက်နှာတွင် တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုူံးခံနေရသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြိုရွာရပ်ကွက်များကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇတ်မှုမျိုးစုံကို ကျူးလွန်နေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here