မတူပီ မြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

0
175

ချင်းပြည်နယ်၊ မတူပီ မြို့မရဲစခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကလေး ၂ ဦးနှင့်အတူ တမိသားစုလုံး အလင်းဝင်လာခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- မတူပီက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ ရက်က မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ်ဦးရန်ရှင်းအောင် (ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆ ) သည် G -3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ ၁၀၄ တောင့်တို့ကို ယူဆောင် လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သော ဦးရန်ရှင်းအောင်တို့ မိသားစုကို CDF – မတူပီက ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မတူပီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသားများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပေးရန် နောက်ဆုံးအကြိမ်အဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၂၆ ရက်ကလည်း မတူပီမြို့ရဲစခန်းမှ ရဲတပ်သားမိုးကန့်သည် ၎င်း၏ လေးလသားအရွယ် ကလေးငယ်နှင့်အတူ လက်နက်အပြည့်အစုံဖြင့် တစ်မိသားစုလုံး အလင်းဝင်ရောက်လာကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here