ဗိုလ်နဂါး ဉီးဆောင်ပြီး BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်း

0
304
ပုံစာ - ဗိုလ်နဂါးဉီးဆောင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်/BNRA ဖွဲ့စည်း

ယခင် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ခေါင်းဆောင် ဗိုလ်နဂါးက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA (Burma National Revolutionary Army) ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်တွင် MRDA တပ်ရင်းတပ်ဖွဲ့ဝင်ဟောင်းများ အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မဟုတ်သည့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

“အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာ ဝင်ရောက်ခွင့် မရကြတဲ့အဖွဲ့တွေ၊ မဝင်ရောက်နိုင်တဲ့ အဖွဲ့တွေကို အဲဒီအဖွဲ့တွေကို ကျနော်တို့ စုစည်းပြီးတော့ ဒီဟာကို တည်ထောင်ရခြင်းလည်း ဖြစ်တယ်Ó ဟု ဗိုလ်နဂါးက လူထုသို့ ရှင်းလင်းပြောဆိုသည့် ဗွီဒီယိုရုပ်သံမှတဆင့် ထိုသို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

BNRA အဖြစ် ပြောင်းလဲဖွဲ့စည်းသော်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် NUG သမ္မတ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများဖြင့်ပါ မြေပြင်တွင် တွေ့ဆုံညှိနှိုင်း၍ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်းလည်း ဗိုလ်နဂါးက ပြောဆိုသည်။

ပုံစာ – ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်- BNRA

ထို့အပြင် လူမျိုးစုနာမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရခြင်းမှာလည်း လူမျိုးစွဲခြင်းကြောင့်မဟုတ်ပဲ ခေတ်အဆက်ဆက် အာဏာရှင်များက တိုင်းရင်းသားများအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးခဲ့သဖြင့် အဆိုပါအချက်ကို ပေးဆပ်ရန် အတွက် ဖြစ်ကြောင်းလည်း ၎င်းက ပြောပါသည်။

Òဗမာဆိုတဲ့ စကားရပ်ကို ထည့်လိုက်ခြင်းကတော့ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရလက်ထက်မှာ ကျွန်တော်တို့ ဗမာတွေ ဘာမဆိုင် ညာမဆိုင် လူမျိုးကြီးဝါဒ စွဲကိုင်နေတဲ့ သမိုင်းတရားခံတွေ ဖြစ်နေတယ်။ ဒီနေ့တော့ အဲ့ဒီသမိုင်းသစ်ကို ပေးဆပ်ဖို့ တိုင်းရင်းသားညီနောင်တွေဟာ အခြားတိုင်းရင်းသား ညီနောင်တွေနဲ့ တန်းတူညီမျှခွင့်တွေအတွက် လွတ်မြောက်ခွင့်တွေအတွက် ပါဝင်တိုက်ပွဲဝင် ပေးသွားမယ်ဆိုတဲ့ သမိုင်းကြွေး ကိုလည်း ဆပ်ဖို့ ဒီနာမည်လေးကို ရွေးချယ်လိုက်ခြင်း ဖြစ်တယ်Ó ဟု ဗိုလ်နဂါးက ပြောသည်။

BNRA ကို မြန်မာနိုင်ငံ ဒေသအသီးသီးရှိ တော်လှန်ရေးအင်အားစု တပ်ရင်း ၁၈ ရင်းဖြင့် ဖွဲ့စည်းရန် ပြင်ဆင်ထား ကြောင်းနှင့် မကြာသေးခင်က MOD ကို အပ်ထားသော တပ်ရင်း၄ ရင်း မှ ၂ ရင်း ကျော်ခန့် အပြင် အခြား ချိတ်ဆက်လာသော တပ်ရင်းတပ်ဖွဲ့များ ရှိလာနေကြောင်းလည်း ဗိုလ်နဂါး၏ ပြောဆိုမှုအရ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here