ပုဏ္ဏာကျွန်းမြို့နယ် ဆင်အင်းကြီးရွာသို့ စစ်ကောင်စီသားများ ဝင်ရောက်လာသဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး

0
217

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာထဲသို့ လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်သားများဝင်ရောက်လာသဖြင့် ကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့်ပြီး တစ်ရွာလုံး ထွက်ပြေးခဲ့ကြောင်း နိရဉ္စရာသတင်းဌာနကို ပြောသည်။

မေလ ၂၆ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က ကျေးရွာအတွင်းသို့ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် MPT တာဝါတိုင် ပြုပြင်ရန်လာသည့် အလုပ်သမားအဖွဲ့နှင့်အတူ ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သား ၁၀ ကျော်လောက် ရွာထဲဝင်ရောက်လာခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ သူတို့ဝင်လာတာကတော့ ရွာမှာ MPT တာဝါတိုင်တခုရှိတယ်။မုန်တိုင်းတုန်းက ပျက်စီးသွားလို့ အခုအဲဒီ တာဝါတိုင်ကို ပြန်ပြင်ဖို့ဝန်ထမ်းလာတဲ့အချိန်မှာ သူတို့လည်း ပါလာတာပါ။ လုံခြုံရေးယူတဲ့ သဘောလို့ထင်ပါတယ်” ဟု ဆင်အင်းကြီး ဒေသခံတစ်ဦးက နိရဉ်စရာသို့ပွောသညျ။

တကျော့ပြန်တိုက်ပွဲကာလက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး သက်ကြီးရွယ်အိုများအပါအဝင် ရွာသား ၉ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပစ်ခဲ့သည်။

အလားတူဖြစ်ရပ်မျိုးဆက်ဖြစ်မည်ကို စိုးရိမ်ပြီး စစ်ကောင်စီတပ်သားများ လာသည်ကို မြင်သည်နှင့် ကြောက်လန့်၍ ရွာလုံးကျွတ် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ အရင်တိုက်ပွဲဖြစ်တုန်းကလည်း ရွာထဲဝင်လာပြီးတော့ သူတို့ သတ်လို့ ရွာသားတွေသေခဲ့ရတော့ ကြောက်လို့ပြေးတာပါ။အခုသူတို့လည်း ပြန်ထွက်သွားကြပါပြီ။ ရွာသားတွေလည်း ပြန်ရောက်နေပါပြီ” ဟုပြောသည်။

ဆင်အင်းကြီးကျေးရွာသည် ပုဏ္ဏားကျွန်းမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာတွင်တည်ရှိပြီး စစ်ကောင်စီ၏ ၅၅၀ တပ်သားများ ဝင်ရောက်လာပြီး နေအိမ်တချို့ကိုမီးရှို့ဖျက်ဆီးကာ သက်ကြီးရွယ်အို အပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို အကြောင်းမဲ့ သတ်ဖြတ်ပစ်ခဲ့သည်ဟု ကိုယ်တိုင်တွေ့ခဲ့ရသည့် ကျွေးရွာသားများက နိရဉ်စရာသို့ ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here