မတူပီ-ပလက်ဝလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးကြောင်း CDF-Matupi ထုတ်ပြန်

0
209

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း မတူပီ-ပလက်ဝလမ်းမ၊ မိုင်တိုင်အမှတ် ၁၄ နှင့် ၁၅ အကြားတိုက်ပွဲတွင် စစ်‌ကောင်စီတပ်သား ၁၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF-Matupi က ရုပ်သံ၊ ဓာတ်ပုံများနှင့်တကွ မတ်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့တွင် မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတွင် မတူပီမြို့မှ ထယ်ဘွေစခန်းသို့ ရိက္ခာဖြည့်ရန် ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စကစဖက်မှ ကျဆုံးသူ (၇) ဦးရှိခဲ့ပြီး နောက်ထပ် ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင် စစ်သား (၆) ဦးကကျဆုံးကာ စုစုပေါင်း ၁၃ ဦးကျဆုံးခဲ့သည်ဟု ဖော်ပြသည်။

၎င်းအပြင် ဒဏ်ရာရ (၇) ဦး ရှိခဲ့သည်ဟုဆိုသည်။

အဆိုတိုက်ပွဲအတွင်း CDF-Matupi ဘက်မှလည်း ဒဏ်ရာရရှိသူ တစ်ဦးရှိခဲ့ကာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကို CDF-Matupi နှင့် ချင်းအမျိုးသားတပ်မတော် (Chin National Army) တပ်ဖွဲ့၀င်များပူးပေါင်းကာ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၆၊ ဝါပုန်းလမ်းခွဲ အနီးအနားတစ်လျှောက်တွင် စစ်ကောင်စီတပ်က နင်းမိုင်းများစွာ ထောင်ထားသဖြင့် မိုင်းရှင်းလင်းမှုများလုပ်နေရပြီး မိုင်းရှင်းလင်းပြီးဖြစ်ကြောင်း ထုတ်ပြန်မှသာ သွားလာကြရန် CDF-Matupi က အသိပေးထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here