ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေ

0
286

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာသည့် သတင်းကြောင့် ဒေသခံတွေအကြား စိုးရိမ်နေကြကြောင်း သိရပါသည်။

မတ်လ ၁၂ ရက်နေ့မှာ ကသာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ယာဉ်တန်း (၃၆) စီးက ဗန်းမောက်တောင်ပိုင်းမှာ ရောက်နေရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

“ လောလောဆယ် ကျောင်းမှာ ရှောင်နေကြတယ်သူတို့။ သောင်ကြီးနား ရောက်လာပြီပြောတယ် သောင်ကြီး၊ စီးမော်သောင်ကြီးပေါ့။ ကျောက်အိုင်ကတွေလည်း အကုန် ဒယူးရောက်နေကြပြီကော။ ပေပင်ကျောက်အိုင်ကတွေလေ။ သူတို့ ပြေးတာက ရောက်တာ နီးလာလို့ ပြေးတာပဲလေ။” လို့ ခိုင်မာသည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဗန်းမောက်တောင်ပိုင်းဒေသက ဒေသခံများ စိုးရိမ်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်မှာ စျေးလာရောက်မဝယ်ကြတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပြီး မြို့ပေါ်က စျေးရောင်းနေသူတစ်ဦးက ပြောဆိုသည်။

“အခု လူတွေမှ မလာဘူး။ ဒီမှာ စျေးဝယ်တွေက။ တစ်ပတ် လေးငါးရက်ရှိပြီကော စျေးဝယ်တွေ မလာကြဘူး။” လို့ စျေးရောင်းနေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဗန်းမောက်မြို့နှင့် အင်းတော်မြို့နယ် မြို့ချင်းဆက်လမ်းပိုင်းတွင် စစ်ကောင်စီစစ်ယာဉ်တန်းတွေဝင်ရောက်လာချိန်မှာထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းလည်း Indaw Revolution (IR) အဖွဲ့က ထုတ်ပြန်ထားသည်။

ဗန်းမောက်တောင်ပိုင်းဒေသမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လမှာ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲကာလ နှစ်လကျော် ကြာမြင့်ခဲ့တာလည်းဖြစ်ပါသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here