ခင်ဦးတွင် စစ်တပ်က လူနေရပ်ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

0
204

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက လူနေရပ်ရွာများထဲ စစ်တပ်က လက်နက်ကြီးကျည်များနှင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း၊ အင်းပတ်ကျေးရွာထဲကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံအမျိုးသမီးတစ်ယောက်က “မနက် ၆ နာရီလောက် လက်နက်ကြီး လေးလုံးပစ်တာပဲ။ တစ်လုံးက ကင်းပတ်ရွာထဲကိုကျတာ။ တိုက်ပွဲမဖြစ်ဘူး။ မြောက်ဘက်ကနေ ပစ်တာ။ သူတို့ရွာခံပြောတာတော့ ပုခုံးတန်း မိုင်း သံမှတ်လို့တဲ့ သိပ်ပြီး အရေးမလုပ် ကြဘူးတဲ့။ ရွာထဲကျမှ လက်နက်ကြီးမှန်းသိတာတဲ့။ အင်းပတ်ကွေ့မှာ လည်းရှိတယ်။ သူတို့က မိုင်းကွဲတယ်မှတ် နေတာတဲ့ စစချင်းတော့ မိုင်းသံနဲ့တူတော့။ အခုကဆို ဒီရွာနား ပတ် ဝန်းကျင် စစ်ဘေးရှောင်တွေကို အများကြီး။ မရမ်းကြီးနောက်ပေါက်ရော အများကြီးပဲ” ဟု ပြောသည်။

လက်နက်ကြီးကျည်စထိမှန်သူမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး စိုးရိမ်ရသည်ဟု ဆက်ပြောသည်။

“နှစ်ယောက်၊ ရွာသားတစ်ယောက်၊ မိန်းမတစ်ယောက် တစ်ယောက်ကတော့ အခြေအနေက တအားကြီး မစိုး ရိမ်ရဘူး။ တစ်ယောက်ကတော့ များလို့လားမသိဘူး မမြင်လိုက်ရဘူး။ ယောက်ကျားလေးကတော့ ရုပ်ဆိုးတဲ့။ ဟိုဟာက မခိုင်တဲ့ မိန်းမလေးက။ ရုပ်ဆိုးကတော့ ရင်ဘတ်ရဲ့ အောက်မှာ။ အုပ်သွားတာ အဲ့လိုမြင်လိုက်တယ်။ မခိုင်က မမြင်လိုက်ရဘူး။ ဆရာမက ပြောတာ နည်းနည်းများ များလို့လားမသိဘူးတဲ့ ဒီကိုမလာဘူးတဲ့။ ဆရာ ဝန်ဘက် ကိုသွားတာတဲ့” ဟု ၎င်းက ပြောသည်။

အင်းပတ်ကျေးရွာက မခိုင်ဆိုသူ အမျိုးသမီးနှင့် မောင်ရုပ်ဆိုးဆိုသည့် အမျိုးသားတို့ နှစ်ဦး စစ်တပ်ကပစ်လိုက်သည့် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ အန္တရာယ်ပိုစိုးရမ်ရသည်စု ဆိုသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူ နှစ်ဦးလုံးကို အရေးပေါ် ဆေးကုသမှု ပေးနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ၏ လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် အင်းပတ်လ ကျေးရွာနေ ပြည်သူများ စိုးရိမ် ထိတ်လန့်ကာ အနီးအနားရှိ ကျေးရွာများထဲကို စစ်ဘေးရှောင်နေကြရသည်စု ဒေသခံများက ဆိုသည်။

အင်းပတ်ကျေးရွာသည် အိမ်ခြေထောင်ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ မကြာခဏ မီးရှို့ခြင်းကိုလည်း ခံနေရသည့် ရွာတစ်ရွာဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here