မြိုင်မှာ မိုင်းမတော်တဆမှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံး

0
152

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ရတယ်လို့ မြိုင် (ပ.က.ဖ) တပ်ရင်း (၁) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၁) ရက်နေ့က ထန်းပေါက်ကုန်းကျေးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို အနီးကပ်တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရတာပါ။

“ အနီးကပ်တိုက်ခိုက်ဖို့ ချောင်းမြောင်းစဉ် မိုင်းမတော်တဆဖြစ်ပြီးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးကစိုးရိမ်ရပြင်းထန်ဒဏ်ရာရရှိ တစ်ဦးက သာမန်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်သုံးဦးအနက် မှတစ်ဦးကျဆုံးခဲ့ပါတယ်” လို့ မြိုင် (ပ.က.ဖ) တပ်ရင်း (၁) ဗိုလ်လက်ျာက ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကျေးရွာက ပြည်သူတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ အသိပေးတယ်လို့ သူက ပြောပါသေးတယ်။

ထန်းပေါက်ကုန်း ကျေးရွာစာသင်ကျောင်းနဲ့ ပြည်သူပိုင်အိမ် (၄၀) ကျော်ကို အင်အား (၈၀) ကျော်ပါတဲ့ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတွေရဲ့ ရေနံတွင်းကိုပါ မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။

ပြည်သူပိုင်အိမ်တွေကို မီးဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၅) ဦးဝန်းကျင် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here