မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု (၉) နှစ်အတွင်း အမြင့်မားဆုံးသို့ ရောက်ရှိလာ

0
154

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် (၇) နှစ်ခန့် လျော့ကျသွားပြီးနောက် ယခုအခါ သိသာထင်ရှားစွာ ပြန်လည်မြင့်တက်လာနေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်က (၄၂၃) မက်ထရစ်တန်သာ ထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန် (၇၉၅) အထိ နှစ်ဆတိုး ထွက်လာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ဘိန်းထုတ်လုပ်မှု တိုးတက်လာရခြင်းမှာ နိုင်ငံအတွင်း စီးပွါးရေးကျပ်တည်းခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းနှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် လိုအပ်သည့် ဘိန်းစေး စျေးနှုန်း ကမ္ဘာ့အတိုင်းအတာအရ မြင့်တက်လာသည့်အတွက်ဖြစ်သည်ဟု ကုလက ယုံကြည်သည်။

စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံကို သွေးထွက်သံယို ပြည်တွင်းစစ်ထဲသို့ ကိုရောက်သွားစေပြီး ယခုအထိဆက်လက် ဖြစ်ပွါးနေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက် စီးပွါးရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်မှု ပြိုကွဲခြင်းများ ပေါင်းစုကာ ဝေးလံခေါင်ဖျားဒေသများ (အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသများ) ရှိ တောင်သူများမှာအခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ဘိန်းစိုက်စိုက်ပျိုးရေးဘက်သို့ ပြန်ဦးလှည့်လာကြသည်ဟု UNDOC ကုလသမဂ္ဂရုံးမှ ဌာနေကိုယ်စားလှယ် ဂျရယ်မီဒေါက်ဂလပ်စ်က ဆိုသည်။

ကြာသပတေးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ့စီးပွါးရေးမှာ ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း ပြည်ပရိုက်ခတ်မှုများ၊ ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှု နှင့် မြင့်တက်လာနေသည့် ကုန်စျေးနှုန်း အခြေအနေများက တောင်သူများကို မက်လုံးပေးနေသည့် ဘိန်းစိုက်ပျိုးရေးဘက်သို့ တွန်းပို့ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဘိန်းထုတ်လုပ်သော နိုင်ငံဖြစ်သည်။

ထိုနှစ်နိင်ငံသည် ကမ္ဘာတစ်လွှား ရောင်းချနေသည့် ဘိန်းဖြူအားလုံး၏ အဓိက အရင်းအမြစ်များဖြစ်သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုကရသော စီးပွါးရေး ပမာဏမှာ ဒေါ်လာ (၂) ဘီလျံရှိသည်ဟု သိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here