ဖားကန့်မြို့နယ် ကုမ္ပဏီဝင်းတစ်ခုအတွင်း စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား KIA ၊ PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်

0
139

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူမာကျေးရွာ၏ အနောက်ဘက်ကြော ရပ်ကွက်သုံးရှိ အဲဗားကုမ္ပဏီဝင်းတွင် ယခုရက်ပိုင်းအတွင်းမှ လာရောက်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်စခန်းကို KIA ၊ PDF တို့က ဇန်နဝါရီ ၂၃ ရက် နံနက် ၄ နာရီ ခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် ဒေသခံ KIA နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

”အဲ့ဒီကျောက်သွေးတောင်နဲ့ ယူမာကြား ယူမာထဲက ကုမ္ပဏီရဲဲ့အဆောင်တွေမှာ သူတို့က တပ်စွဲနေထိုင်နေတာ အဲ့တာကိုသွားပစ်တာ ဒီဘက်ကပစ်တော့ သူတို့ဘက်ကလည်းပြန်ပစ်နဲ့ မိနစ်လေးဆယ်ကျော် ကျော်လောက်တော့ပစ်ကြတယ် ။အထိအခိုက်ကတော့ သေချာမသိရသေးဘူးစစ်ကောင်စီဘက်က ထိခိုက်တော့ရှိတယ်သိရတယ်စုံစမ်းနေတုန်း”ဟုအထက်ပါအမျိုးသားကပြောသည်။

စစ်သားအင်အား ၂၀ ကျော်သာရှိသည့် အဆိုပါ တပ်စခန်းသည် တပ်ထိုင်ထားသည်မှာ ၁၀ ရက်ကျော်အတွင်း တပ်စခန်းရှေ့ သွားလာသော ပြည်သူများကိုလည်း စစ်ဆေး ခြိမ်းလန့်မှုများရှိနေကြောင်း သိရသည်။

”ဒီကောင်တွေကအခုအဲ့မှာရှိတာလေး ယူမာနောက်ကြောဘက်ကျမယ် ယူမာတောင်ကြောပေါ့အဲ့မှာတပ်စွဲ ထားတာ ဒီကောင်တွေက အောက်ဆင်းဆင်းပြီးပြည် သူတွေကိုဒုက္ခပေးပေးတာ အခုတပ ဆုတ်သွား လာမဆုတ်သေးဘူးလားမသိရသေးဘူး မနက် ၆ နာရီလောက်မှာတောင်သူတို့အဲ့ကနေ လက်နက်ငယ် တစ်ချက်တစ်ချက်ပစ်သေးတယ်”ဟုအခြားဒေသခံအမျိူးသားတစ်ဦးကပြောသည်။

KIA ၊ PDF သွားရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကကျဆုံးမှုရှိမရှိနှင့် တပ်ဆုတ်သွားခြင်းရှိမရှိကိုစုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီဝင်းများအတွင်းတပ်စွဲနေထိုင်ခြင်း၊ ကျောက်စိမ်းလုပ်သားများနှင့် ကုမ္ပဏီကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ၊ ငွေကြေးကောက်ခံခြင်းများပိုမိုပြုလုပ်လာသည်။

ဇန်နဝါရီလ ၂၁ရက်နေ့ညကလည်း ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုး လက်နက်ကြီးငါးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်၊ပျက်စီးမှုများရှိခဲ့သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here