မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လေးဦး သေဆုံး

0
171
ဓာတ်ပုံ - မြိုင်(ပ.က.ဖ)

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄) ရက်နေ့က ဖောင်းကွဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သာတွေကို အီနာဂါအသုံးပြုထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ဖောင်းကွဲရွာရဲ့ အရှေ့တောင်ဘက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တခြားဒဏ်ရာရတဲ့သူတွေကိုလည်း တွဲခေါ်သွားတာတွေ့ရတယ်လို့ ဗိုလ်လက်ျာက ပြောပါတယ်။

စစ်ကောင်နဲ့ ပျူစောထီးပူးပေါင်းအင်အား (၁၀၀) ကျော်ပါတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး (၂၂) လုံးကျော်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူသူရိန်အဖွဲ့နဲ့ မြိုင် ပကဖ တပ်ရင်း (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း ပခုက္ကူသူရိန်အဖွဲ့၊ MRTF နဲ့ မြိုင်ပကဖ တပ်ရင်း (၁) တို့ ပူးပေါင်းပြီး စစ်ကောင်စီဘက်ကို ဒရုန်းနဲ့ အီနာဂါချပြီး တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဉ်လိုလို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အထိနာနေတာဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here