ပခုက္ကူမှာ စစ်ကောင်စီတပ် သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရလို့ လေးဦးသေဆုံး

0
205

မကွေးတိုင်း ပခုက္ကူမြို့နယ် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက (၃) ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄၊ ၁၅၊ ၁၆ ရက်တွေမှာ ပခုက္ကူမြို့နယ် ကြီးရွာနဲ့ ဘုန်းကန်ရွာကြားမှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ဒီဇင်ဘာလ (၁၄) ရက်နေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၂) ဦးသေဆုံး၊ (၁) ဦးဒဏ်ရာရရှိပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့ တိုက်ခိုက်မှုမှာတော့ (၂) ဦးသေဆုံးကာ၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ တိုက်ခိုက်မှုမှာတော့ မိုင်းချို့ယွင်းခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၈) ရက်နေ့က ကျဆုံးခဲ့ရတဲ့ ဒေါင်းစစ်သည်အဖွဲ့က ရဲဘော် ဗိုက်ခလေး၊ ရဲဘော်ဂျော်ကာနဲ့ ရဲမေ မစမိုင်းတို့အတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Shwe Nyar Myae PDF (PKU)၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် (PKU)၊ ဒေါင်းစစ်သည် (PKU)၊ Southern YSO (PDF)၊ Urban Underground Revolution Force (UURF) နဲ့ King Cobra PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here