ဖားကန့်မြို့နယ် Hupa မှာ မြန်မာအစိုးရတပ် နှင့် KIA တပ်ရင်း (၆) တိုက်ပွဲ ဖြစ်ပွား

By Staff 18 July, 2018 👁

ဇူလိုင် (၁၈)ရက် ယနေ့ နံနက်ပိုင်း (၈)နာရီခန့်မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ် Hupa ဘက်မှာ မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

KIA တပ်ရင်း (၆) လက်အောက် ပြည်သူ့စစ် Mungshawa Hpyen Hpung (MHH) တပ်ရင်း (၁) နှင့် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ ပြောပါသည်။

၎င်း တိုင်းပွဲဖြစ်ပွားသည့် နေရာသည် မေလ မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးကြောင့် ရွာသားများ ထွက်ပြေးခဲ့ရသော KIA တပ်ရင်း (၆) ထိန်းချုပ် နယ်မြေ Lai Nawng Hku (လိုင်နှောင်းခူး) ကျေးရွာ ဘက်ဖြစ်သည်။

နံနက် (၁၀)နာရီကျော်တွင် မြစ်ကြီးနား နမ့်ပေါင် လေတပ်မှ ဂျက်တိုက်လေယာဉ် (၂)စီး နှင့် ရဟတ်ယာဉ် (၁)စီး ဖားကန့်မြို့နယ် နှင့် တနိုင်းမြို့နယ်ဘက်ကို ဦးတည် ပျံသန်းခဲ့သည်။