ထားဝယ်တိုက်ပွဲကြောင့် မောင်မယ်ရှောင်ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ

0
46
Photo - CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်အကြား တိုက်ပွဲကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟု စစ်ရှောင်ပြည်သူများက ပြောဆိုသည်။

မေလ ၂ ရက်နေ့ မနက် ၆ နာရီခန့်တွင် တပ်အင်အား ၃၀ ကျော် တပ်စွဲထားသည့် စစ်ကောင်စီ၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါ။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထားဝယ်မြို့နယ် ဇဟာရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အများအပြား ပစ်ကူပေးတာကြောင့် လက်နက်ကြီးထိမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

စစ်ရှောင်ပြည်သူများ၏ ပြောပြချက်အရ မောင်မယ်ရှောင်ဒေသခံများသည် ရွာနှင့် ၃ မိုင်ခန့် ကွာဝေးသော ထားဝယ်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများကို ယာယီပြောင်းရွေ့ နေထိုင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသေးသည်။

တနင်္သာရီတိုင်းတွသ် ပြီးခဲ့သော မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူ ၅ သောင်းကျော် အထိ ရှိလာသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သော FE5 Tanintharyi က ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here