“ကျပ်နှစ်သိန်း ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ရေတခေါက် သယ်ဖို့ပေါ့၊ အဓိက ကတော့ ချက်ပြုတ်တဲ့ အပိုင်းမှာပေါ့။ ရေချိုးဖို့ကြတော့ ကျွဲလူးတဲ့အိုင်ပဲ သွားချိုးရတယ်။ အဓိက, က စားဖို့သောက်ဖို့အတွက်ပဲ” တဖူဒီးကူစစ်ရှောင်စခန်း အတွင်းရေးမှုးမော်ထရေးဇာ

0
53
ပုံစာ - ကရင်နီစစ်ဘေးရှောင်စခန်းတခု (Photo – ကရင်နီလူသားချင်းစာနာထောက်ထားမှုအသင်း)

ကရင်နီစစ်ဘေးရှောင်စခန်းများတွင် ကြုံတွေ့နေရသည့် ရေရှားပါးမှုအခက်ခဲနှင့်ပတ်သက်ပြီး “တဖူဒီးကူ” စစ်ရှောင်စခန်း၏ အတွင်းရေးမှုးမော်ထရေးဇာနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့အနောက်ဘက်၊ ဒိုးပရယ်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဦးရေ ၁၁၀၀ ကျော် ကြုံတွေ့နေရသော ရေရှားပါးမှု အခက်ခဲနှင့်ပတ်သက်ပြီး “တဖူဒီးကူ” စစ်ရှောင်စခန်း၏ အတွင်းရေးမှုး မော်ထရေးဇာနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဖရူဆိုအနောက်ဖက်ခြမ်း ဒိုးပရယ်ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှုနဲ့ ကြုံနေရတယ်လို့ သိရတယ်။ စစ်ဘေးရှောင်စခန်း ဘယ်နှစ်ခုလောက် ရေရှားပါးမှုနဲ့ ကြုံနေရပါလဲ။

ဖြေ။ ။ ဒီ Camp မှာကြတော့ “ဝှယ်သူတော့စစ်ရှောင်” ပါမယ်၊ ပြီးရင် “ဖရူဆို စစ်ရှောင်” ပြီးရင် “ဘီဆို စစ်ရှောင်” ရှိမယ်။ ပြီးရင် မာခရော်ရှေ့ပေါ် သူတို့နာမည်ကြတော့ “တဖူဒီးကူ”နဲ့ ပေးထားတယ်ပေါ့နော်။ ပြီးတော့ “ဖူးကရားခူ စစ်ရှောင်” လည်း ပါမှာပေါ့။ ဒီဘက်အုပ်စုပေါ့။ ဒီဘက်ကြတော့ ဘယ်လိုနာမည်ပေးထားလဲ ဆိုတော့ “တဖူဒီးကူ” ပေါ့။ ဒီလောဂျာဘက်ကျတော့ “ဖရေဆိုလဲစခန်း” ပေါ့။ သူ့ဟာက ဟိုးÉ“ခိုးရားခူ” အထိ ပါတယ်ပေါ့။

မေး။ ။ ရေရှားပါးမှုကို ဘယ်လောက်ထိ ကြုံနေကြရပါလဲ။ ပြီးတော့ လတ်တလောမှာ ဒီရေရှားပါးမှုအတွက် ဘယ်လို ဖြေရှင်းနေကြလဲ။

ဖြေ။ ။ အဓိက ဒီဘက်မှာက ရေပေါ့။ အခုက စစ်ရှောင်တွေလည်း များလာတော့ ရေလည်း မရှိတော့ဘူးလေ။ ဥပမာ – ကားရှိတဲ့သူ အဆင်ပြေတဲ့သူဆို ဟိုး ကွိုင်ငံအထိ သွားသယ်လို့ရတယ်ပေါ့။ အခုဟာက ကားမရှိဘူးရော၊ ထော်လာဂျီဆိုလည်းအနိုင်နိုင် ရှိတောင်မရှိဘူး။

မေး။ ။ ကွိုင်ငံ ဆိုတဲ့နေရာအထိ ရေတခါသွားသယ်ရင်ပေါ့နော် ကုန်ကျစရိတ်က ဘယ်လောက်ရှိပါလဲ။ ပြီးတော့ အဲဒီရေတွေကိုရော ဘယ်လိုနေရာမျိုး ခွဲဝေသုံးကြလဲ။

ဖြေ။ ။ အပြီးစီးဆိုရင်တော့ ကျပ်နှစ်သိန်း ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ရေတခေါက် သယ်ဖို့ပေါ့၊ အဓိက ကတော့ ချက်ပြုတ်တဲ့ အပိုင်းမှာပေါ့။ ရေချိုးဖို့ကျတော့ ကျွဲလူးတဲ့အိုင်ပဲ သွားချိုးရတယ်။ အဓိက က စားဖို့ သောက်ဖို့အတွက်ပဲ။ ချက်ပြုတ်ဖို့ အဓိကပေါ့ ရေက။

မေး။ ။ ဒီလိုမျိုး ရေတခေါက် တခေါက်သွားသယ်ရင် စစ်ဘေးရှောင် Camp တစ်ခုအတွက် ရေဘယ်လောက် ကြာကြာ အသုံးခံပါလဲ။

ဖြေ။ ။ စားဖို့သောက်ဖို့ ချက်ပြုတ်ဖို့ အတွက်ပဲဆိုတော့ တစ်ပတ်လောက်တော့ ခံတယ်ပေါ့။ ၅ ရက် ဒါမှ မဟုတ်ရင် တစ်ပတ် အဲလောက်တော့ ခံတာပေါ့။

မေး။ ။ ရေသွားသယ်တဲ့အခါမှာရော ရေသယ်တဲ့လမ်းကြောင်းတလျှောက်မှာ လုံခြုံမှုရေးအခြေအနေကရော။

ဖြေ။ ။ သွားသယ်တော့ စစ်ကြောင်းတို့ ဘာတို့မထိုးရင်တော့ အဲလိုမျိုး မရှိရင်တော့ လုံခြုံမှုရှိတယ်။ ဥပမာ တခုခုဖြစ်တယ်ဆိုရင်တော့ သွားဖို့ကအဆင်မပြေဘူးပေါ့။ အဓိကက စစ်ရေးပေါ့။

မေး။ ။ တခြားအလှူရှင်တွေက ရေလာရောက် လှူဒါန်းပေးတာမျိုးရော ရှိပါလား။

ဖြေ။ ။ ဒီ Camp နဲ့ ဆိုရင်တော့ “ကရုဏာ” အဖွဲ့က နည်းနည်းပေါ့၊ သယ်ယူစရိတ်တော့ နည်းနည်း ပေးထားတာ ရှိတယ်။ လာလှူတယ်လို့ပဲ ပြောရမှာပေါ့နော်။ ပြီးလို့ရှိရင် “နွေဦးမေတ္တာ” အဲ့အဖွဲ့က လာလှူပေးတာပေါ့နော်။ နှစ်ခါပဲ ရှိသေးတယ်ပေါ့နော်။

မေး။ ။ ဒီရေရှားပါးမှုအပြင် တခြားရော ဘာအခက်အခဲတွေ ရှိပါသေးလဲ။

ဖြေ။ ။ ဒီဘက်မှာကြတော့ အခက်ခဲတော့ ရှိတာပေါ့။ အများစုက ဘယ်လိုမျိုးပြောမလဲ အဝေးကိုမပြေးနိုင်တဲ့ သူတွေပဲ ဒီမှာလာစုကြတယ်ရော၊ ဒီနောက်ပိုင်းကတော့ ပါးလာတယ်ပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်လာတော့ အလှူရှင်တွေက ဒီဘက်ကို သိပ်မလာဖြစ်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ ခရီးလည်းဝေးတော့ ဒီဘက် သိပ်မလာလှူဖြစ်ဘူးပေါ့။

မေး။ ။ အလှူရှင်တွေ နည်းလာတယ်ဆိုတော့ စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအတွက်က ဘယ်လို ဖြေရှင်းနေကြရပါလဲ။

ဖြေ။ ။ စားနပ်ရိက္ခာပိုင်းမှာကြတော့ ဒီ Camp ထဲမှာကြတော့ အရင်တစ်နှစ်က တောင်ယာလုပ်နိုင်တဲ့ သူတွေကတော့ ကြိုးစားပြီးတော့ လုပ်ကြတယ်။ နည်းနည်းပေါ့၊ အများကြီးတော့ မထွက်ဘူးပေါ့။ စပါးကလည်း သေတာတွေရှိတဲ့အတွက် အများကြီးတော့ မထွက်ဘူးပေါ့။ သူတို့အတွက်တော့ တစ်လစာ နှစ်လစာ အဲလိုမျိုး တော့ ဖူလုံတယ်ပေါ့။

မေး။ ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရော ဘာတွေစိန်ခေါ်မှုတွေရှိပါလဲ။

ဖြေ။ ။ ကျန်းမာရေး ဆေးပေးခန်းတော့ရှိတယ် ဘီဆိုမှာပေါ့နော်။ အဲမှာတော့ ဆေးတော့အစုံမရဘူးပေါ့။ တခါတလေ လမ်းပိတ်တာမျိုးရှိတော့ ဆေးပြတ်တောက်သွားတာမျိုး ရှိတယ်။ ဒါပေမယ့် ဆေးခန်းမှာရှိတဲ့ ဟာလေးနဲ့ပဲ သူတို့ တိုက်တာမျိုးတော့ ရှိတယ်။ ပြီးတော့ အဓိကအရေးပေါ် လူနာအတွက်ပေါ့နော မွေးလူနာတို့ ဘာတို့ပေါ့။ အဲ့လို အရေးပေါ်အခြေနေဆိုရင် “ဟိုယာ” ပို့ရတာမျိုး ရှိတယ်ပေါ့။ အဓိက အရေးပေါ် လူနာအတွက် ပြောရရင် အဓိကကားခပေါ့။

မေး။ ။ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိပါလဲ။ စစ်ကောင်စီဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်လာတာမျိုး လေကြောင်းနဲ့လာရောက် တိုက်ခိုက်တာမျိုးတွေရော ရှိလား။

ဖြေ။ ။ ဟိုးအရင်တခေါက် ဒီဒိုးပရယ်ဘက်မှာ လက်နက်ကြီးကျလို့ ဆုံးသွားတာ အဲတစ်ခုတော့ရှိမယ်။ သူ့ဟာ သူအိမ်မှာပဲ ဆော့တယ်ပေါ့နော၊ နောက်လက်နက်ကြီးကလည်း ရုတ်တရက် အဲလိုမျိုး အိမ်ဘေးကျတယ် ပြောရမလား အိမ်နဲ့လည်း နည်းနည်းဝေးတယ်လို့ ပြောတယ်။ နောက်ဘက်လိုဝင်သွားလဲ မသိဘူး၊ ကျောက်ကပ် ထိသွားတယ်ပြောတာပဲ။ သူလည်း ငယ်သေးတော့ ခံနိုင်ရည် မရှိဘူးထင်တယ်။ ဘီဆိုဆေးခန်းမှာ လာပို့သေးတယ် နောက်မရတော့ဘူးဆိုပြီးမှ ဒိုးပရယ်မှာပဲ ပြန်မြုပ်တယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here