ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရပြီး ယာဉ်များ ဖြတ်သန်းလို့မရ

0
49
ပုံစာ - ဖောက်ခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတား။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပိုင်းပေါ်ရှိ မိုးကောင်းတံတား ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက်ပိုင်းက မိုင်းဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီး လတ်တလောတွင် ကားများ ဖြတ်သန်းသွားလာလို့မရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကောင်းတံတားအား ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) နံနက်စောပိုင်း ၃ နာရီခွဲခန့်က ဖောက်ခွဲဖျက်ဆီး ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တံတားတစ်ခုလုံး ပျက်ဆီးသွားတာ၊ ကုန်တင်ယာဉ်တွေတော့ သွားလာလို့ မရနိုင်တော့ဘူး။ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက ဖြတ်လို့ရသေးတယ်” ဟု ယင်းဒေသခံက ပြောပါသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ ဈေးဆိုင်အချိူ့ ပျက်ဆီးမှုရှိခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်းတံတားသည် ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်အမှတ် (၁၃၅ / ၇ နှင့် ၁၃၆ / ၀ ကြား) တွင် တည်ရှိပြီး ခန့်မှန်း အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here