မကွေးမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ၊ (၇) ဦး သေဆုံးခဲ့တယ်လို့ မြိုင် (ပ.က.ဖ) ထုတ်ပြန်

0
141

မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် (၇) ဦးသေဆုံးကာ (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင် (ပ.က.ဖ) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့က ပခုက္ကူမြို့နယ် ကန်တော်ရွာကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားလည်း ကမ္မအနီး ဂျိုးပျံ ရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့တာပါ။

မနေ့က တစ်ရက်တည်းမှာပဲ ပေါက်မြို့နယ် အုန်းတောရွာနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပေါက်မြို့နယ်အခြေစိုက် ဗိုလ်တစ္ဆေအဖွဲ့နဲ့ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ မြိုင် (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“ ပေါက်မြို့နယ်အုန်းတောရွာအနီးမှာစစ်ကောင်စီနဲ့ပျူစောထီးလေးဆယ် ဝန်းကျင်က နှစ်ဖွဲ့ခွဲပြီး လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာအုန်းတောရွာမိန်းလမ်းမဘေးမဲဇလီတန်းအနောက်မှာမိုင်း၁၆လုံးနဲ့တိုက်ခိုက်ခဲ့တာပါ” လို့ မြိုင် (ပ.က.ဖ) တပ်ရင်း – ၁ ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အင်အားထပ်ဖြည့်ပြီး အုန်းတောရွာ အနောက်ဘက်မှာ ဆက်လက် ကင်းပုန်းဝပ်နေတာကို ထပ်မံအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က (၆) ဦးပြင်ထန်ဒဏ်ရာရရှိသွားသလို (၃) ဦး သေဆုံးထားတယ်လို့ပြောပေမယ့် အရည်အတွက်တိတိကျကျကိုတော့ စုံစမ်းလို့မရသေးဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မေလ (၈) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်မှာလည်း ဒရုန်းဗုံးသီး (၄၀) အပြင် မီးလောင်ဗုံး (၂၀) ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် (၁) ဦးသေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ မြိုင် (ပ.က.ဖ) က ပြောပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here