မြန်မာနိုင်ငံအတွင်း မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးထိခိုက်သူများ၏ ၃၄ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း UNICEF ထုတ်ပြန်

0
845

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေ ဆုံးမှုမြင့်တက်နေပြီး ထိခိုက်နစ်နာသူစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေမှုအရှိန်မြင့်တက်နေသည်နှင့်အမျှ မြေမြှပ်မိုင်းများ ပိုပြီးချထားသည့်အတွက် အန္တရာယ်သတိရှိစေရန် ရည်ရွယ်ကြောင်း UNICEF Myanmar က ဆိုထားသည်။

ဧပြီလ ၄ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာအကူအညီပေးရေး နေ့တွင် UNICEF Myanmar က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

UNICEF ၏ ထုတ်ပြန်ချက်အရ ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များကြောင့် သေဆုံးသူ ၁ဝ၂ ဦး၊ ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရသူ ၂၈၈ ဦး၊ စုစုပေါင်း ထိခိုက်ခဲ့ရသူ ၃၉၀ ဦး ရှိကြောင်း ယင်းတို့ထဲတွင် ကလေး ၁၃၃ ဦးနှင့် လူကြီး ၂၅၇ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

၂ဝ၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသူ ၂၈၄ ဦးရှိခဲ့ရာ မိုင်းကြောင့် နစ်နာသူများသည် ရခိုင်၊ ချင်း၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်များတွင် အဖြစ်များကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့အရှေ့မြောက်ပိုင်း စပါးထားကျေးရွာ အနီး လယ်ကွက်တစ်ခု၌ မပေါက်ကွဲသေးသည့် မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုး သမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီနှင့် စက်တင်ဘာလအကြား မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄၉ ဦးသေဆုံးခဲ့ပြီး ၁၃၄ ဦး ကိုယ်လက်အင်္ဂါ ထိခိုက်ချို့ယွင်းခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေများသည် စိန်ခေါ်မှုပိုများလာသည့်အတွက် ပေါက်ကွဲစေ တတ်သော လက်နက်ပစ္စည်းအန္တရာယ်များ ရှိနေကြောင်း ပညာပေးလုပ်ကိုင်ပေးနေသည့် စီမံချက်အရာရှိ ကိုထွန်းထွန်း က ပြောသည်။
“အဓိကပြဿနာတစ်ခုက ဒီနေရာက ကလေးတွေ ဆော့ကစားနိုင်ဖို့ ဘေးကင်းတဲ့နေရာတွေက တဖြည်းဖြည်း ကျဉ်းလာတာပါပဲ။ သူတို့ရဲ့ ကလေးဘဝကို အပြည့်အဝ မခံစားနိုင်တော့ဘူး” ဟုဆိုပြီး UNICEF Myanmar တွင် ယခုလိုဖော်ပြထားသည်။

နှစ်စဉ် ဧပြီလ ၄ ရက်နေ့၌ကျင်းပလေ့ရှိသည့် မိုင်းအန္တရာယ်အသိပညာပေးနေ့သည် မြေမြှုပ်မိုင်း၏ ကြောက်မက်ဖွယ်အန္တရာယ်အကြောင်း သတိပေးနေပြီး ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကို နိုင်ငံအတော်များများက ပိုမိုပြီး လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းထားသည်။

အဆိုပါသဘောတူစာချုပ်က လူကိုထိခိုက်ဒဏ်ရာရစေသည့် မိုင်းများသုံးစွဲခြင်း၊ ထုတ်လုပ်ခြင်း၊ စု ဆောင်းခြင်းနှင့် ရွှေ့ပြောင်းခြင်းတို့ကိုတားမြစ်ပြီး နိုင်ငံများအနေနှင့် မိုင်းရှင်းလင်းဖို့၊ ထိခိုက်နစ်နာသူ များကို ကူညီဖို့နှင့် စုဆောင်းထားသည့်မိုင်းများကို ဖျက်ဆီးပစ်ဖို့ တာဝန်ရှိကြောင်း ဖော်ပြထားပြီး မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်၌ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုး ထားပေမယ့် မြန်မာနိုင်ငံကတော့ အဆိုပါသဘောတူစာချုပ်၌ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသေးဟုဆိုပါသည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here