တရားမဝင် ပညာသင်ကြားရေးသည်ဟုဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ထုတ်ပြန်

0
256

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ဆက်သွယ်ပြီး တရားမဝင် ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ Federal School of Aung Myay Thar Zan အမည်ဖြင့် ဦးဆောင်သူ အိရွှေစင်မြင့်အပါအဝင် ၁၅ ဦးကို ဖမ်ဆီးထားကြောင်း စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ ကျောင်းအမည်ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ Online စနစ်ဖြင့် သင်ကြားရေး ဆောင်ရွက်ခဲ့ပြီး ကောက်ခံရရှိသည့် ငွေကြေးများကို NUG ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟု စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီ ဖမ်းဆီးထားသည့် ၁၅ ဦးထဲတွင် အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြောင်း မြင်တွေ့ရပြီး ၎င်းတို့အားလုံးသည် ကျောင်းဆရာ/ဆရာမ ဟုတ်/မဟုတ်အား ဖော်ပြထားခြင်း မရှိသေးပေ။

ဖမ်းဆီးရမိသူများသည် အိရွှေစင်၊ တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုင်၊ ခိုင်မာဖြိုး၊ အိအိအောင်၊ ချောစုသန်း၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း တို့ဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် ပညာသင်ကြားမှု အစီအစဉ်တွင်စာရင်းပေးသွင်း၍ အတန်းတက်ရောက်သော မိဘများနှင့် ကျောင်းသား/သူများကိုပါ ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဟုလည်း စစ်ကောင်စီက ပြောဆိုထားကြောင်း တွေ့ရှိရသည်။

“သူတို့ (မအလ) ပညာရေးကို ဘယ်သူယုံကြည့်မှုရှိလို့လဲ။ ဒါကြောင့်လဲ အခုလို ပညာသင်ကျောင်းတွေမှာ တက်ရောက် သင်ကြားတာတွေရှိတာပေါ့။ အခုလို အဖမ်းခံရပေမယ့် ဆက်သင်ကြမှာပဲ။ တစ်နည်းနည်းနဲ့ပေါ့။ သူတို့ ပညာရေးထက်သာနေတော့ အခုလို ခြိမ်းခြောက်ဟန့်တားတာပေါ့” ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here